[latest_news_marquee]

ကမ္ဘာ့ဖလားကို အသင်း ၆၄ သင်း ပါဝင်သည့် ပြိုင်ပွဲအဖြစ် တိုးချဲ့ရန် ဆွေးနွေးမယ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုက ကမ္ဘာ့ဖလားကို အသင်း ၆၄ သင်း ပါဝင်သည့် ပြိုင်ပွဲအဖြစ် တိုးချဲ့ရန် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားထားပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယခင် ၃၂ သင်းပါဝင်သည့် ပြိုင်ပွဲမှ ၄၈ သင်းပါဝင်သည့် ပြိုင်ပွဲအဖြစ် တိုးချဲ့ကျင်းပခဲ့ခြင်းဖြစ်ပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့သောကြောင့် ၆၄ သင်းပါဝင်သည့် ပြိုင်ပွဲအဖြစ်လည်း တိုးချဲ့နိုင်လိမ့်မယ်လို့ အင်ဖန်တီနိုက ယုံကြည်နေတယ်လို့ သိရပါတယ်။

ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုက “ဒီကမ္ဘာ့ဖလားပြီးသွားရင် ဒီအကြောင်းအရာကို သေချာပေါက် ဆွေးနွေးမှာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲက တစ်ကမ္ဘာလုံးအတွက်ပါ။ ဥရောပ နဲ့ တောင်အမေရိကအတွက်တင် မဟုတ်ပါဘူး။ နိုင်ငံတိုင်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ အိပ်မက်မက်နိုင်သင့်ပါတယ်။ ကမ္ဘာအနှံ့က အသင်းတွေရဲ့ အရည်အသွေးမြင့်တက်နေတာကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ နိုင်ငံငယ်လေးတွေကို ကမ္ဘာ့ဖလား ယှဉ်ပြိုင်ဖို့ အခွင့်အရေးမပေးဘူးဆိုရင် သူတို့ရဲ့ တိုးတက်မှုကို ထိန်းသိမ်းဖို့ မက်လုံးမရှိတော့ဘဲ ဖြစ်သွားမှာပါ”လို့ ပြောကြားထားပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆၄ သင်း ပါဝင်သည့်ပြိုင်ပွဲအဖြစ် တိုးချဲ့ရန် ပြီးခဲ့သည့်နှစ်အတွင်း တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က စတင် အဆိုပြုခဲ့ခြင်းဖြစ်ပြီး နှစ် (၁၀၀) ပြည့်အဖြစ် ကျင်းပမည့် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၆၄ သင်းပြိုင်ပွဲအဖြစ် တိုးချဲ့ရန် အဆိုပြုခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News