[latest_news_marquee]

နိုင်ငံတော် သမ္မတ အမိန့်ဖြင့် ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ပြောင်းလဲ ၊ ပညာရေးနှင့် ကျန်းမာရေးဒုဝန်ကြီး ၂ ဦး နှင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ တို့အား အနားပေး

နိုင်ငံတော် သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ အမိန့်အမှတ် ၆၉ / ၂၀၂၆ ဖြင့် ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းအား ပြည်ထောင်စုဝန်ကြီး တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

ထိုနောက် အမိန့်အမှတ် ၇၀ / ၂၀၂၆ ဖြင့် ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၂ တို့အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း အား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


ထိုအပြင် အမိန့်အမှတ် ၇၁ / ၂၀၂၆ ဖြင့် ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၉၊ ပုဒ်မခွဲ (ခ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၆)နှင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၅ တိုအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ဒေါက်တာမျိုးဝင်းအောင် နှင့် ဦးစောမျိုးမျိုး တို့အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒုတိယဝန်ကြီးများ အနားယူခွင့်ပြုခြင်းနဲ့ ပတ်သက်လို့ အမိန့်အမှတ် ၇၂ / ၂၀၂၆ ဖြင့် ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းတို့အား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ယင်းနည်းတူ အမိန့်အမှတ် ၇၃ / ၂၀၂၆ ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင် အား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။


Photo- MDN

Your Ad Here
Ad Size: 336x280 px

More News