[latest_news_marquee]

အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု National Team Zanaka Esports အသင်း သွားရောက်ယှဉ်ပြိုင်မယ်

ဂျပန်နိုင်ငံ အိုက်ချီ-နာဂိုယာမြို့ (Aichi-Nagoya, Japan) ၌ စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် Esports အားကစားအဖွဲ့ချုပ်မှ National Team Zanaka အသင်း သွားရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲနှင့် ပတ်သက်လို့ စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ Pan Pacific Hotel ၌ မီဒီယာမိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု Esports အသင်းဟာ Honor of Kings (HOK) ၊ PUBG Mobile (PUBGM) ၊ Mobile Legends: Bang Bang (MLBB) ၊ eFootball Mobile နှင့် eFootball Console အစရှိသည့် အားကစားနည်း ၅ မျိုးကို ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အိမ်ရှင် ဂျပန်နိုင်ငံအပါအဝင် တောင်ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဆော်ဒီအာရေဗျ၊ အီရန် စသည့်နိုင်ငံများနှင့် ယှဉ်ပြိုင်သွားရမယ်လို့လည်း သိရပါတယ်။
 

မြန်မာ့လက်ရွေးစင် Esports အားကစားအဖွဲ့ချုပ်မှ National Team Zanaka အသင်း၊ Team Zanaka eFootball Mobile အသင်းနှင့် Console အသင်းတို့သည် စက်တင်ဘာ ၁၉ ရက်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာမှာဖြစ်ပြီး  စက်တင်ဘာ ၂၄ ရက်တွင် Honor of Kings (HOK) အသင်း၊ စက်တင်ဘာ ၂၅ ရက်တွင် PUBG Mobile အသင်း၊ စက်တင်ဘာ ၂၆ ရက်တွင် Mobile Legend (MLBB) အသင်းတို့သည်လည်း ဂျပန်နိုင်ငံသို့ ထွက်ခွာကြမယ်လို့ သိရပါတယ်။

ပြိုင်ပွဲများတွင် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား ၂၁ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ KBZPay ၊ U9၊ Lipovitan-D နှင့် SINODA တို့က ပူးပေါင်းပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။

Esports, မြန်မာ့လက်ရွေးစင်Esportsအားကစားအဖွဲ့ချုပ်, အကြိမ်၂၀မြောက်အာရှအားကစားပြိုင်ပွဲ, ဂျပန်နိုင်ငံ,

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News