[latest_news_marquee]

QR Code/ Barcode Scan ဖတ်စနစ်ဖြင့် သတ်မှတ်ချက်အတိုင်း မလိုက်နာသည့် အရောင်းဆိုင် ၂၀ အား စက်သုံးဆီဝယ်ယူခွင့် (PO) ပမာဏလျှော့ချခြင်း အပါအဝင် အရေးယူမှုများပြုလုပ်

QR Code/ Barcode အား Scan ဖတ်သည့်စနစ်ဖြင့် သတ်မှတ်ချက်အတိုင်း မလိုက်နာသည့် အရောင်းဆိုင် ၂၀ အား စက်သုံးဆီဝယ်ယူခွင့် (PO) ပမာဏလျှော့ချခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း နှင့် ပြင်းထန်စွာသတိပေးခြင်းတို့ ဆောင်ရွက်ခဲ့တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်များ၏ QR Code/ Barcode ကို Scan ဖတ်၍ ရောင်းချရသည့်ပမာဏကို အခြေခံ၍ စက်သုံးဆီဝယ်ယူခွင့် (PO) များ ခွဲဝေပေးခြင်း၊ ထပ်မံလိုအပ်လာပါကလည်း စိစစ်ခွင့်ပြုပေးခြင်းနှင့် ယင်းသို့ ရောင်းချနေမှု အခြေအနေများကိုလည်း Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိတာဖြစ်သော်လည်း အချို့သောအရောင်းဆိုင်များသည် မူရင်း QR Scan ဖတ်ခြင်းမပြုလုပ်ဘဲ ယာဉ်နံပါတ်များအား ရိုက်ထည့်၍ စက်သုံးဆီဝယ်ယူခွင့် (PO) ပိုမိုရရှိစေရေး ဆောင်ရွက်နေကြောင်း Control Centre မှ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုထားပါတယ်။

QR Code/ Barcode ဖြင့် Scan ဖတ်ရောင်းချမှုများကို မှန်ကန်မှုရှိစေရေးအတွက် စက်သုံးဆီအရောင်းဆိုင်များသို့ အမှန်တကယ်လာရောက်ဝယ်ယူသည့် ယာဉ်များကိုသာ Scan ဖတ်ရောင်းချရန်နှင့် မသမာသောနည်းလမ်းဖြင့် QR Code/ Barcode ရောင်းအားမြင့်တက်စေရန် ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာအရောင်းဆိုင်၊ လုပ်ငန်းရှင်နှင့် ကုမ္ပဏီများသို့ ကြိုတင်အသိပေးအကြောင်းကြားထားပြီးဖြစ်တယ် လို့လည်း သိရပါတယ်။



ထို့အတူ စက်သုံးဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျဖြစ်စေရေးအတွက် နည်းပညာဖြင့်ထိန်းချုပ်နေခြင်းဖြစ်ရာ ဌာနအနေဖြင့် Control Centre မှ စောင့်ကြည့်စစ်ဆေးနေသကဲ့သို့ နည်းပညာအဆင့်မြှင့်တင်ခြင်းကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကာ အလားတူဖြစ်စဉ်မျိုး ထပ်မံတွေ့ရှိလာပါက စက်သုံးဆီအရောင်းဆိုင်အား အမြဲတမ်းပိတ်သိမ်းပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တာ ကြောင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏အရောင်းဆိုင်များအား စိစစ်ကြပ်မတ်ဆောင်ရွက်ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတိပေးထားပါတယ်။

စက်သုံးဆီ, QRCode, Barcode, အရေးယူခြင်း, 

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News