[latest_news_marquee]

မမြရေလှောင်တမံ တမံဘောင် လျော့အိကျမှုဖြစ်ပွါးခဲ့လို အရေးပေါ် ရေပိုလွှမှ ဆည်ရေများ လျှော့ချလျက်ရှိကာ နီးစပ်ရာ ကျေးရွာနေ ပြည်သူများအား ရေဘေးလွတ်ရာ နေရာများသို ကြိုတင်ပြောင်းရွှေ့ပေး  

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြိုနယ်၊ မျှင်ဝါးတောင်ကျေးရွာအုပ်စုရှိ မမြရေလှောင်တမံဟာ အောက်တိုဘာ ၉ ရက် ည ၁၂ နာရီခန့်က တမံဘောင် လျော့အိကျမှုဖြစ်ပွားခဲ့ရာ တမံအလျား (၂၀၀)ပေခန့်၊ အနက် (၃၀)ပေခန့် လျော့ကျခဲ့ပြီး ၎င်းလျော့ကျသည့် တမံမျက်နှာပြင်နှင့် ဆည်အတွင်း ရေမျက်နှာပြင်သည် (၂၀)ပေခန့် ကျန်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရပါတယ်။

ရေလှောင်တမံ ရေထိန်းကျောက်စီမြေနံရံမှာ မြေသားအိကျမှု ဖြစ်ပွားခဲ့သဖြင့် ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းမှစ၍ တမံ၏ အရေးပေါ် ရေပိုလွှမှ ဆည်ရေများလျှော့ချလျက်ရှိသောကြောင့် ဆည်အနီးအနားရှိ ကျေးရွာများမှ ပြည်သူများအား ရေဘေး လွတ်ကင်းရာနေရာများသို ကြိုတင်ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရပါတယ်။

လက်ရှိတွင် မမြရေလှောင်တမံ တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ပေအား သိုလှောင်ထိန်းသိမ်းထားရှိကာ နိမ့်မြင့်အမှတ် ၃၀၅ ပေသို သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန်အတွက် တမံ၏အရေးပေါ် ရေပိုလွှမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတဆင့် မမြချောင်း၊ မမြချောင်းမှ တစ်ဆင့်ငဝန်မြစ်အတွင်းသို စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိကြောင်းနှင့် စက်ယန္တရားများအသုံးပြု၍ တမံတာအခြေထောက်ခြင်းလုပ်ငန်းများအား အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲမှ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်အရ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈နာရီအချိန်တွင် မမြရေလှောင်တမံ၊ တမံထိပ်မျက်နှာပြင် ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ ပေတိုင်အကြား အလျား ၈၀ ပေခန့်၊ ပျမ်းမျှအကျယ် ၁လက်မခန့်၊ ပျမ်းမျှအနက် ၆လက်မခန့် အက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး အဆိုပါပေတိုင်အတွင်း တမံဆင်ခြေလျှော အလျား ၁၀၀ ပေခန့်၊ အနက် ၆ လက်မခန့် နိမ့်ကျမှုဖြစ်ပေါ်ခဲ့ရာ တမံထိပ် အပြင်အက်ကြောင်းအား သဲဖြည့်ခြင်း၊ ရေစိမ့်ဝင်ခြင်းမရှိစေရန် ပလတ်စတစ်ဖြင့် အုပ်မိုးကာကွယ်ခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉) ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ မြန်အောင်ခရိုင်/မြိုနယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို၏ အနီးကြီးကြပ် ကွပ်ကဲမှုဖြင့်ဆောင်ရွက်ခဲ့တယ်လို သိရပါတယ်။

ဆက်လက်၍ အောက်တိုဘာလ ၉ ရက်နေ့ ည ၉နာရီအချိန်တွင် အဆိုပါတာတမံထိပ် မျက်နှာပြင်ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ပေ အကြားတွင် အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံဆင်ခြေလျှော လျှောချမှု ထပ်မံဖြစ်ပွားခဲ့ပြီး မူလတမံထိပ်ပြင်၏ အောက်ဘက်သို ၂၅ပေခန့် နိမ့်ကျခဲ့တာလို တိုင်းအစိုးရမှ သိရပါတယ်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာနေရာသို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

Photo-ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ

Your Ad Here
Ad Size: 336x280 px

More News