[latest_news_marquee]

ဆီးချိုကြောင့် မျက်စိထိခိုက်မှုကို အချိန်မီကာကွယ်ပေးနိုင်မယ့် ဆေးအသစ်

ဆီးချိုရောဂါကြောင့်ဖြစ်လာတဲ့ မျက်စိအာရုံကြောနဲ့ မြင်လွှာပျက်စီးမှုကို အမြင်အာရုံမဆုံးရှုံးခင် အချိန်မီကာကွယ်နိုင်မယ့် ဆေးအသစ်တစ်မျိုးကို သုတေသီတွေက စမ်းသပ်နေတယ်လို့ သိရပါတယ်။

Danegaptide လို့ခေါ်တဲ့ ဒီဆေးဟာ မျက်စိအတွက် ထိုးဆေးပုံစံမဟုတ်ဘဲ ပါးစပ်ကနေသောက်သုံးနိုင်တဲ့ ဆေးပြားပုံစံဖြစ်ပြီး မြင်လွှာအတွင်းရှိ သွေးကြောငယ်လေးတွေက အရည်ယိုစိမ့်မှုကို လျှော့ချပေးနိုင်ကြောင်း လေ့လာမှုမှာတွေ့ရှိခဲ့ပါတယ်။

Trinity College Dublin နဲ့ Breye Therapeutics တို့ ပူးပေါင်းလေ့လာခဲ့တဲ့ ဒီဆေးကို ဆီးချိုကြောင့်ဖြစ်တဲ့ Non-proliferative diabetic retinopathy လူနာတွေမှာ စမ်းသပ်ခဲ့တာဖြစ်ပြီး အစောပိုင်း Phase-1 စမ်းသပ်မှု၌ လူနာ ၂၄ ဦး ပါဝင်ခဲ့ကာ ၅၅ ရာခိုင်နှုန်းမှာ ဆေးရဲ့ ဇီဝဗေဒဆိုင်ရာအကျိုးသက်ရောက်မှုတွေ တွေ့ရှိခဲ့တယ်လို့ သိရ ပါတယ်။

လက်ရှိ ကုသမှုတွေ၌ ရောဂါပြင်းထန်လာတဲ့အခါ မျက်စိထဲကို ဆေးထိုးပေးရတာတွေရှိပြီး Danegaptide ကတော့ မြင်လွှာကိုကာကွယ်ပေးတဲ့ သွေးမြင်လွှာအတားအဆီးကို ထိန်းသိမ်းပေး နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ကာ လေ့လာမှုအရ အစောပိုင်းအဆင့်သာရှိသေးတာကြောင့် ရေရှည်မှာ အမြင်အာရုံဆုံးရှုံးမှုကို  အမှန်တကယ် ကာကွယ်နိုင်ခြင်း ရှိ၊ မရှိ သိနိုင်ဖို့စမ်းသပ်မှုတွေ ထပ်မံပြုလုပ်ရဦးမယ်လို့လည်း သုတေသီတွေက ဆိုထားပါတယ်။

Photo- MWD

Your Ad Here
Ad Size: 336x280 px

More News