Myanmar Martial Arts Group (MMAG) မှ ဦးစီးကျင်းပမည့် (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship) ကို ရန်ကုန်မြို့၌ ကျင်းပမယ်လို့ သိရပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့လောက၏ သက်တမ်းနှင့် ဂုဏ်သိက္ခာအရှိဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည့် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို နှစ်စဉ်ကျင်းပခဲ့ပြီး ယခုပြိုင်ပွဲကို လာမယ့် ဩဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့) နေ့လည် ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပြိုင်ပွဲ၏ ရုံဝင်ကြေးလက်မှတ်ခများကို ငွေကျပ် (၁၅,၀၀၀)၊ (၃၀,၀၀၀) ကျပ် နှင့် (၅၀,၀၀၀)ကျပ် အသီးသီးသတ်မှတ်ထားပြီး ပြိုင်ပွဲတွင် အလဲထိုးစနစ်ကို အဓိကထားအသုံးပြုသွားမည်ဖြစ်ကာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် မျိုးဆက်သစ်လူငယ်များ၏ တက်ကြွမှုနှင့် ဝါရင့်ချန်ပီယံများ၏ ဂုဏ်သိက္ခာထိန်းပွဲများပါဝင်သည့် တွဲဆိုင်း ၆ ဆိုင်းထည့်သွင်းထားရာ ပထမတွဲဆိုင်း (၅၃ ကီလိုတန်း – ၄ ချီ) ပွဲတွင် မြန်မာ့လက်ဝှေ့လောက၏ မျိုးဆက်သစ်လူငယ်လက်ဝှေ့ကျော်များဖြစ်ကြသည့် ဒေါင်းမိုက်သွေး (Nine Lethwei) နှင့် စောရုဘီ (YMA)၊ ဒုတိယတွဲဆိုင်း (၆၅ ကီလိုတန်း – ၄ ချီ) ပွဲတွင် လူငယ်လက်ဝှေ့ကျော် ကရင်အောင်လံဆုရှင် အောင်ကိုလတ် (Ray) နှင့် စောထိန်လင်း (555 Sports)၊ တတိယတွဲဆိုင်း (၅၆ ကီလိုတန်း – ၅ ချီ) ပွဲတွင် ပြည်တွင်းပြည်ပပရိသတ်များ၏ တစ်ခဲနက်အားပေးမှုကို ရရှိထားသည့် MLWC ရွှေတံဆိပ်ဆုရှင် ဆလိုင်းထန်ခွီးရီရှိန် (ကျားမနိုင်) နှင့် Sky Net ရွှေအောင်လံ ဒုတိယဆု၊ SEA Games ကြေးတံဆိပ်ဆုရှင် ဟိန်းထွန်းအောင် (ခေးယူးဝါး) တို့ ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့ သိရပါတယ်။
ထို့အတူ စတုတ္ထတွဲဆိုင်း (၆၀ ကီလိုတန်း – ၅ ချီ) ပွဲတွင် MLWC ရွှေခါးပတ်ချန်ပီယံ အဲမွီ (အဲကညော) နှင့် Sky Net ရွှေအောင်လံဆုရှင် သန့်ဇင် (ပိုင်သွန်တော်ဝင်ဧရာ)၊ ပဉ္စမတွဲဆိုင်း အဖြစ် ဒုတိယခေါင်ပွဲ (၆၇ ကီလိုတန်း – ၅ ချီ) တွင် MLWC ရွှေတံဆိပ်ရှင် နိုင်ဝင်းထွန်း (Nine Lethwei) နှင့် ကရင်အောင်လံဆုရှင် ကမ္ဘာရှား (ဇာထက်မိတ္ထီလာ)၊ ခေါင်ပွဲ ၇၅ ကီလိုတန်း (၅ ချီ) စိန်ခေါ်ပွဲတွင် ထွန်းမင်းအောင် (Top One) နှင့် MLWC ရွှေတံဆိပ်ဆုရှင် ရာမန် (ရိုးရာစွမ်းအား) တို့ ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့လည်း သိရပါတယ်။
Photos- MWD , Internet






