ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် ၉ ခုမြောက်စာရင်းဝင်ကုမ္ပဏီအဖြစ် Concordia Public Co., Ltd. (CONPC) အများပိုင်ကုမ္ပဏီအား တင်သွင်းခွင့်ပြုလိုက်ကြောင်း သိရပါတယ်။
YSX ဟာ တင်ပြလာသော လျှောက်လွှာ၊ စာရွက်စာတမ်းများကို စိစစ်ခြင်းနှင့် စစ်ဆေးခြင်းများ ပြုလုပ်ပြီးနောက်၊ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေပုဒ်မ ၄၁(ဂ) နှင့် ငွေချေးသက်သေခံ လက်မှတ်များ စာရင်းတင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းစည်းမျဉ်းများ၏ ပုဒ်မ ၇ နှင့် ၈ တို့နှင့်အညီ Concordia Public Co., Ltd. (CONPC) အများနှင့် သက်ဆိုင်သော ကုမ္ပဏီအား အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးနောက် ရန်ကုန်စတော့အိတ်ချိန်း၏ ပင်မစျေးကွက်တွင် စာရင်းဝင်ကုမ္ပဏီအဖြစ် စာရင်းတင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါစာရင်းဝင် ကုမ္ပဏီအဖြစ် တင်သွင်းမည့်နေ့ရက်အား အချိန်နှင့်တစ်ပြေးညီ ထပ်မံထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ကုမ္ပဏီနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို YSX ၏ ဝက်ဘ်ဆိုက်တွင် အသေးစိတ်ကြည့်ရှုလေ့လာနိုင်မယ်လို့ သိရပါတယ်။
ရန်ကုန်စတော့အိတ်ချိန်း (YSX) ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပင်မစျေးကွက် (Main Board) တွင် စာရင်းဝင်ကုမ္ပဏီ ၈ ခု ရှိကာ ယခုအခါတွင် Concordia Public Company Limited (CONPC) က ပင်မစျေးကွက်တွင် ထပ်မံရောက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။
Photo- MOI






