၂၀၂၆ ခုနှစ်၏ (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၁၇ ရက်အထိကျင်းပလျက်ရှိပြီး ပြပွဲ စတုတ္ထနေ့အထိ ပုလဲအတွဲပေါင်း ၆၂၉ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ပြပွဲတွင် အောက်တိုဘာ ၉ ရက်မှာ ပုလဲအတွဲ ၂၀၅ တွဲ၊ အောက်တိုဘာ ၁၀ ရက်နေ့မှာ ၁၉၆ တွဲနှင့် အောက်တိုဘာ ၁၁ ရက်နေ့မှာ ၂၂၈ တွဲ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့တွင် ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းခဲ့ကြကာ အောက်တိုဘာ ၁၂ ရက်နေ့မှာ တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်မျက်အတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အလားတူ အုပ်စု(အေ၊ ဘီ၊ စီ) သုံးအုပ်စု ခွဲခြားထားသည့် ကျောက်စိမ်း အတွဲပေါင်း ၃၀၇၃ တွဲ အနက် အုပ်စု(အေ) နှင့် အုပ်စု(ဘီ)မှ ကျောက်စိမ်းအတွဲပေါင်း ၁၆၀၅ တွဲကို အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်အထိလည်းကောင်း၊ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၁၄၆၈ တွဲကို အောက်တိုဘာ ၁၆ ရက်မှ ၁၇ ရက်အထိ လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ပြပွဲတွင် ပုလဲအတွဲ ၇၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နဲ့ ကျောက်စိမ်း A အုပ်စု အတွဲ ၃၅၀၊ B အုပ်စု ၁၂၅၅ တွဲ၊ C အုပ်စု ၁၄၆၈ တွဲ၊ စုစုပေါင်း ကျောက်စိမ်းအတွဲ ၃၀၇၃ တွဲတို့ကို သတ်မှတ်ရက်အလိုက် တင်ဒါစနစ်ဖြင့် ရောင်းချမှာဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။
Photo – သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန






