[latest_news_marquee]

နည်းပြသစ်ရဲ့ စွမ်းရည်ကို စတင်မြင်တွေ့ခွင့်ရမယ့် မြန်မာအသင်း ပါဝင်တဲ့ AFF Hyundai Cup 2026 ပြိုင်ပွဲ

ASEAN Championship – AFF Hyundai Cup 2026 အုပ်စုပွဲစဉ်များကို ယနေ့ ဇူလိုင် ၂၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မကြာသေးမီက ခန့်အပ်ထားတဲ့ နည်းပြသစ်ရဲ့ စွမ်းရည်ကို စတင်မြင်တွေ့ခွင့်ရမယ့် မြန်မာအသင်းရဲ့ အိမ်ကွင်းပွဲစဉ်ဖြစ်သော မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားအသင်းပွဲစဉ်ကို ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီခွဲမှာ ရန်ကုန်မြို့က သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF)မှ သိရပါတယ်။

ယခု ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အိမ်ကွင်းပွဲစဉ် ၂ ပွဲကစားရမှာဖြစ်ပြီး ယခု မလေးရှား အသင်းနှင့် ပွဲစဉ်ပြီးလျှင် လာအိုအသင်းနှင့်ပွဲစဉ်ကို ဩဂုတ် ၄ ရက် ညနေ ၄ နာရီခွဲတွင် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမှာလည်း ဖြစ်ပါတယ်။

AFF Hyundai Cup 2026 ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အုပ်စု (ခ)တွင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အုပ်စုတက်ရောက်နိုင်ရန် မလေးရှားနှင့် ဖိလစ်ပိုင်အသင်းတို့ကို အဓိကယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အုပ်စု (က) တွင် ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် တီမောလက်စ်တေအသင်းတို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပွဲဦးထွက်အဖြစ် အိမ်ကွင်းတွင်ကစားရမည့် မြန်မာအသင်းသည် ပရိသတ်အားပေးမှုဖြင့် ကစားရမည်ဖြစ်၍ စိတ်ဓာတ်ရေးရာအားသာချက်ရှိနေပြီး အုပ်စုတွင်းမှ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရန် ရမှတ်အပြည့်ရယူရန် လိုအပ်နေပါတယ်။

Photo- MFF

Your Ad Here
Ad Size: 336x280 px

More News