[latest_news_marquee]

မန္တလေးမြို့ရှိ ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် ကားဂိတ် ၄၉၀ ရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၁၅၀ မှ ၂၀၀ ကြား ဝင်ထွက်၍ ကုန်စည်ပို့ဆောင်လျက်ရှိ

မန္တလေးမြို့ရှိ ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် ကားဂိတ်ပေါင်း ၄၉၀ ရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၁၅၀ မှ ၂၀၀ ကြား ဝင်ထွက်ကာ ကုန်စည်ပို့ဆောင်ဖြန့်ဖြူးပေးနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရပါတယ်။

ကားကွင်းအတွင်းသို့ အဓိကဝင်ရောက်သည့် ကုန်စည်များမှာ စားသောက်ကုန်၊ လူသုံးကုန်နှင့် အိမ်ဆောက်ပစ္စည်းများဖြစ်တယ်လို့လည်း သိရပါတယ်။

ကုန်စည်ဖြန့်ဖြူးပို့ဆောင်ရေးလုပ်ငန်းများကို ကားဂိတ်တစ်ခုချင်းစီအလိုက် ဆောင်ရွက်နေပြီး မန္တလေးမှ ရန်ကုန်၊ တောင်ကြီး၊ မော်လမြိုင်၊ မကွေး၊ ကလေးနှင့် မြစ်ကြီးနားမြို့များသို့ ကုန်စည်ပို့ဆောင်ရာတွင် ကားအသင်း ၂၁၆ သင်းဖြင့် သယ်ယူပို့ဆောင်လျက်ရှိကြောင်း၊ ဒါ့အပြင်ကုန်စည်များကို ကားကွင်းတစ်နေရာတည်းတွင် စုစည်းထားပြီး ခေါက်တိုကားများဖြင့် မြို့တွင်းသို့ ဆက်လက်ဖြန့်ဖြူးပို့ဆောင်ခြင်းနှင့် အခြားမြို့များသို့ ပြန်လည်ပို့ ဆောင်ခြင်းတို့ကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

အဆိုပါ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်းသည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနလက်အောက်ရှိ ယာဉ်ရပ်နားစခန်းဖြစ်ပြီး မန္တလေး၊ အမရပူရမြို့နယ်၊ ၆၃ လမ်းနှင့် ၆၆ လမ်းကြား၊ ကနောင်မင်းသားကြီးလမ်းနှင့် မြစ်ငယ်-ထုံးဘို လမ်းကြားတွင် တည်ရှိကာ အကျယ်အဝန်း ၆၂ ဒသမ ၀၈ ဧက ရှိကြောင်းနှင့် ၂၀၁၂ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မန္တလေးမြို့၏ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ တစ်နေရာတည်းတွင် စနစ်တကျ စုစည်းဆောင်ရွက်နိုင်ရန်၊  ကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့စေရန်၊ မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်များ လျှော့ချနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News