[latest_news_marquee]

ပြင်းထန်နှလုံးရောဂါသည် ၈၄ ရာခိုင်နှုန်း၏ သွေးထဲတွင် ပလတ်စတစ်အမှုန်များ တွေ့ရှိရ

ပြင်းထန်နှလုံးရောဂါသည် ၈၄ ရာခိုင်နှုန်းရဲ့ နှလုံးသွေးကြောထဲမှာ ပလတ်စတစ်အမှုန်အမွှားတွေကို တွေ့ရှိရပြီး ယင်းပမာဏဟာ နာတာရှည် နှလုံးသွေးကြောကျဉ်းဝေဒနာရှင်တွေနဲ့ ပုံမှန်နှလုံးသွေးကြောပိုင်ရှင်တွေရဲ့ ပမာဏထက် သိသိသာသာ ပိုများနေတယ်လို့ သုတေသန ပညာရှင်များက ပြောကြားထားပါတယ်။

နှလုံးဖောက်ပြန်သူတွေရဲ့ သွေးထဲမှာ နေ့စဉ်သုံးပစ္စည်းတွေမှာပါဝင်တဲ့ ပိုလီအီသိုင်လင်းအပါအဝင် ပလတ်စတစ်အမျိုးအစားစုံလင်စွာ တွေ့ရှိရကြောင်း အီတလီနိုင်ငံ ဆာပီယန်ဇာတက္ကသိုလ်မှ ဒေါက်တာ ပက်စကေးပေါ်လီဆိုက ပြောကြားခဲ့ပြီး အဆိုပါ အမှုန်တွေဟာ လေထု၊ သောက်ရေနဲ့ အစားအသောက်တွေကတစ်ဆင့် ခန္ဓာကိုယ်ထဲရောက်ရှိလာတာဖြစ်ပြီး နှလုံးသွေးကြောစနစ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကို သုတေသနပြုခဲ့တာဖြစ်ကြောင်း ပြောထားပါတယ်။

သုတေသီတွေက  အီတလီဆေးရုံကြီးများမှ လူနာ ၆၁ ဦးရဲ့နှလုံးဆီသို့ တိုက်ရိုက်စီးဆင်းနေတဲ့ သွေးနမူနာများကို ရယူစစ်ဆေးခဲ့ပြီး လေ့လာမှုအရ ဆေးလိပ်သောက်သူများက မသောက်သူများထက် သွေးထဲမှာပလတ်စတစ်အမှုန် ပါဝင်နိုင်ခြေ ၆ ဆပိုများနေတာကိုလည်း တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။

Photos – MWD

Your Ad Here
Ad Size: 336x280 px

More News