[latest_news_marquee]

ဂျိုရှုအာဗန်နှင့် ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ ပြန်လည်တွေ့ဆုံမယ့် UFC 331

မြန်မာ့ဖိုက်တာ ဂျိုရှုအာဗန်နှင့် ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ တွဲဆိုင်းပါဝင်မည့် UFC 331 ပြိုင်ပွဲတွင် စုစုပေါင်းတွဲဆိုင်း ၁၃ ဆိုင်းဖြင့် ထည့်သွင်းကျင်းပမယ်လို့ သိရပါတယ်။

လက်ရှိ UFC ကမ္ဘာ့ဖလိုင်းဝိတ်တန်းချန်ပီယံ ဂျိုရှုအာဗန်သည် ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲစဉ်အဖြစ် ချန်ပီယံဟောင်းဖြစ်ခဲ့ဖူးသည့် ပန်တိုဂျာနှင့်ပြိုင်ပွဲကို အဓိကတွဲဆိုင်းအဖြစ် ထိုးသတ်ရမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ် ပါဝင်သည့် UFC 331 ပြိုင်ပွဲကို လာမည့် စက်တင်ဘာ ၁၉ ရက်တွင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

UFC နှင့် စာချုပ်ချုပ်ဆိုကာ UFC ပြိုင်ပွဲများဝင်ရောက်ထိုးသတ်နေသည့် ဂျိုရှုအာဗန်သည် နိုင်ပွဲများ ဆက်တိုက်ရရှိခဲ့ပြီး လက်ရှိ UFC ကမ္ဘာ့ဖလိုင်းဝိတ်တန်း ချန်ပီယံဆုကို ရရှိထားပါတယ်။

ဂျိုရှုအာဗန်နှင့် ပန်တိုဂျာတို့သည် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၇ ရက်က ထိုးသတ်ခဲ့သည့်ပွဲစဉ်၌ ပထမအချီ အစောပိုင်းတွင် ပန်တိုဂျာက လက်ကျိုးခဲ့သည့်အတွက် ပွဲစဉ် ဆက်လက်ထိုးသတ်နိုင်ခြင်း မရှိခဲ့ဘဲ ဒိုင်ပွဲရပ်ရလဒ်ဖြင့် အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News