[latest_news_marquee]

အမေရိကန်နိုင်ငံရဲ့ ကာလဝက်ရွေးကောက်ပွဲ (Midterm Election) ပြီးဆုံး၊ ဒီမိုကရက်တစ်ပါတီက လွှတ်တော် ၂ ရပ်လုံး၌ အနိုင်ရ

လက်ရှိ အမေရိကန်ရဲ့ ၂၀၂၆ ခုနှစ် ကာလဝက်ရွေးကောက်ပွဲ (Midterm Election) ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့ပြီး ဒီမိုကရက်တစ်ပါတီ (Democratic Party) က အထက်လွှတ်တော်ရော အောက်လွှတ်တော်ပါ နှစ်ရပ်လုံးကို အနိုင်ရရှိခဲ့ကြောင်း နိုင်ငံတကာမီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ ရွေးကောက်ပွဲတွင် အောက်လွှတ်တော် (House of Representatives) နေရာအတွက် ဒီမိုကရက်အမတ်လောင်းတွေဟာ အမတ်နေရာအများအပြားကို ရစ်ပတ်ဘလစ်ကန်တွေဆီကနေ ပြန်လည်လုယူနိုင်ခဲ့ပြီး အောက်လွှတ်တော်ကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ အမတ်နေရာ ၂၁၈ နေရာထက် ကျော်လွန်ကာ အနိုင်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ရေတွက်ပြီးသလောက်အရ ဒီမိုကရက် ၂၃၇ နေရာ၊ ရစ်ပတ်ဘလစ်ကန် ၁၃၉ နေရာ ရရှိထားပါတယ်လို့ သိရပါတယ်။

ထို့အတူ အထက်လွှတ်တော် (Senate)တွင်လည်း ဒီမိုကရက်တစ်ပါတီကပဲ နေရာအများစုကို အနိုင်ရရှိပြီး အထက်လွှတ်တော်ကိုပါ ဆက်လက်စိုးမိုးသွားမှာဖြစ်ပြီး လက်ရှိ ရေတွက်ပြီးသလောက်အရ ဒီမိုကရက် ၅၄ နေရာ၊ ရစ်ပတ်ဘလစ်ကန် ၄၄ နေရာ ရရှိထားတယ်လို့ နိုင်ငံတကာမီဒီယာများက ဖော်ပြကြပါတယ်။

ယခု ကာလဝက်ရွေးကောက်ပွဲ၌ ဒီမိုကရက်တွေဟာ အစဉ်အလာအရ ရစ်ပတ်ဘလစ်ကန်အားကောင်းတဲ့ Texas ၊ Iowa နဲ့ South Carolina ကဲ့သို့ ပြည်နယ်ကြီးတွေမှာပါ အမတ်နေရာတွေကို အနိုင်ရရှိပြီး သမိုင်းဝင် အောင်ပွဲခံနိုင်ခဲ့တယ်လို့လည်း အမေရိကန်မီဒီယာတွေက ဖော်ပြကြပါတယ်။

လက်ရှိ ရွေးကောက်ပွဲ မတိုင်မီက အောက်လွှတ်တော်၌ ရီပက်ဘလစ်ကန်ပါတီက အမတ်နေရာ ၂၁၈ နေရာနှင့် ဒီမိုကရက်တစ်ပါတီက ၂၁၄ နေရာစီ ရရှိထားတယ်လို့လည်း သိရပါတယ်။

#အမေရိကန်ရွေးကောက်ပွဲ #ကာလဝက်ရွေးကောက်ပွဲ #USMidtermElection2026 #MFN #MyanmarFutureNews

Photos- Internet                                             

Your Ad Here
Ad Size: 336x280 px

More News