[latest_news_marquee]

အိမ်ထောင်စု ၁ သိန်းကျော်သို့ ဓာတ်အား ဖြန့်ဖြူးပေးနိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ ခု ဖွင့်လှစ်

တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း ၂၀၂ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အိမ်ထောင်စု ၁၃၀,၀၀၀ ခန့်သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ ခုကို ဧပြီ ၂၉ ရက်က ဖွင့်လှစ်ခဲ့တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါ စက်ရုံ ၂ ခုမှာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ရှိ Leader Power Co., Ltd. မှ တည်ဆောက်သော သာစည် ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် မိတ္ထီလာမြို့နယ်ရှိ Hanzar Solar Energy Co., Ltd. မှ တည်ဆောက်သော သပြေဝ ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် မကြာမီတွင် ဆောင်ရွက်လျက်ရှိသည့် ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံလည်း ပြီးစီးမှာဖြစ်တယ်လို့ ဝန်ကြီးဌာနမှ ဆိုထားပါတယ်။

နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများတွင် နှောင့်နှေးမှုများရှိနေခြင်း၊ အချို့စက်ရုံများ ဖျက်ဆီးခံရခြင်းကြောင့် ထုတ်လုပ်မှု လျော့နည်းလာခြင်း၊ ပို့လွှတ်မှုအပိုင်းတွင်လည်း ဝေးလံသောခရီးများမှ ပို့လွှတ်ရသဖြင့် လျော့နည်းဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းနှင့် သဘာဝဘေး အန္တရာယ်များကြောင့် ဓာတ်အားလိုင်းများ ပျက်စီးနေခြင်းတို့ရှိတဲ့အပြင် ဖြန့်ဖြူးမှုအပိုင်းတွင် နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်များနှင့် မသမာမှုများကြောင့် လျှပ်စစ်ဓာတ်အား ဆုံးရှုံးမှုများ ရှိနေကြောင်း၊ ယင်းအားနည်း ချက်များကို ဖြေရှင်းနိုင်ရန် ရေတို၊ ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါ စက်ရုံများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့် Asia World Co., Ltd. မှ တာဝန်ရှိသူတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဓာတ်အားပေးစက်ရုံ ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့တယ်လို့ သိရပါတယ်။

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News