[latest_news_marquee]

နေ့စဉ်လုပ်နေကျ အလေ့အထတစ်ခုက ရင်သားကင်ဆာ အပါအဝင် အူမကြီး၊ အဆုတ်နှင့် လူသေဆုံးမှုများတဲ့ ကင်ဆာရောဂါများ ကာကွယ်နိုင်ဟုဆို

နေ့စဉ်လုပ်နေကျ အလေ့အထတစ်ခုက ရင်သားကင်ဆာ အပါအဝင် အူမကြီး၊ အဆုတ်နှင့် လူသေဆုံးမှုများတဲ့ ကင်ဆာရောဂါများကို ကာကွယ်နိုင်တာကို သုတေသနတွေမှာ တွေ့ရတယ်လို ကျန်းမာရေးပညာရှင်များရဲ့ အဆိုအရ သိရပါတယ်။

လူသေဆုံးမှုများတဲ့ ကင်ဆာရောဂါတော်တော်များများဟာ နေ့စဉ်လှုပ်လှုပ်ရှားရှားနေထိုင်သူတွေမှာ ဖြစ်ပွားမှု ပိုနည်းတာတွေ့ရပြီး လေ့လာမှုတစ်ခုအရ တစ်ရက်ကိုခြေလှမ်း ၇,၀၀၀ ဝန်းကျင်လျှောက်သူတွေက ခြေလှမ်း ၅,၀၀၀ လောက်သာ လျှောက်သူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၁၁ ရာခိုင်နှုန်း ပိုနည်းပြီး ခြေလှမ်း ၉,၀၀၀ အထိ လျှောက်နိုင်ရင်တော့ ၁၆ ရာခိုင်နှုန်းအထိတောင် လျော့ကျသွားတယ်လို ပညာရှင်များက ဆိုထားပါတယ်။

ကျန်းမာရေးပညာရှင်တွေက တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို ဒါမှမဟုတ် ၇၅ မိနစ်လောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ဖို တိုက်တွန်းထားပြီး လမ်းသွက်သွက်လျှောက်တာမျိုးဟာ ခန္ဓာကိုယ်ထဲက ရောင်ရမ်းမှုတွေကို ထိန်းချုပ်ပေးပြီး ခုခံအားကို ကောင်းစေသလို အစာစားပြီး လမ်းလျှောက်တာမျိုးလို အလေ့အကျင့်လေးတွေကစပြီး ဂရုစိုက်သင့်တယ်လိုလည်း ဆိုထားပါတယ်။

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News