မြန်မာဖိုက်တာ ဂျိုရှူအာဗန်၏ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ် ပါဝင်မည့် UFC 328 ပြိုင်ပွဲကို လာမည့် မေ ၉ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ နီဝက်သ်မြို့တွင် ကျင်းပသွားမယ်လို့ သိရပါတယ်။
ဂျိုရှူအာဗန်သည် UFC 328 ပြိုင်ပွဲတွင် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်ကို စိန်ခေါ်သူ ဂျပန်ဖိုက်တာ တက်ဆူရိုတာအီရာနှင့် ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပြီး ယခု ပွဲစဉ်ဟာ ၎င်း၏ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဂျိုရှူအာဗန်ဟာ ၂၀၂၁ ခုနှစ်တွင် ပရော်ဖက်ရှင်နယ် MMA လောကသို့ စတင်ဝင်ရောက်ခဲ့ပြီး UFC ၌ ၂၀၂၃ ခုနှစ်တွင် ပထမဆုံး စာချုပ်ချုပ်ဆိုနိုင်သည့် မြန်မာကိုယ်စားပြု ဖိုက်တာဖြစ်လာခဲ့ကာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သော UFC 323 ပြိုင်ပွဲတွင် အလက်ဇန္ဒားပန်တိုဂျာ (Alexandre Pantoja) ကို ပွဲစပြီး ၂၆ စက္ကန့်အတွင်း အလဲထိုးကာ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့တာဖြစ်သလို လက်ရှိတွင် UFC ပြိုင်ပွဲတွင် (၉) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ်ကို ရရှိထားပါတယ်။
Photo- Internet






