စာရင်းဝင်နိုင်ရန် ပြင်ဆင်နေတယ်လို့ YSX မှ သိရပါတယ်။
“ဒီနှစ်အတွင်းမှာ ကုမ္ပဏီသစ်တစ်ခု ရောက်လာဖို့ ရှိပါတယ်။ ဒီကုမ္ပဏီက ခေတ်မီအီလက်ထရောနစ်ပစ္စည်းတွေနဲ့ ကျန်းမာရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းတွေကို တင်သွင်းဖြန့်ဖြူးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Main Board မှာ စာရင်းဝင်အဖြစ်လုပ်ကိုင်ဖို့ လိုအပ်တာတွေ ပြင်ဆင်နေပါတယ်”လို့ ရန်ကုန်စတော့အိတ်ချိန်းမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်မီဒီယာနဲ့ အင်တာဗျူးအတွင်း ပြောကြားထားပါတယ်။
ထို့ပြင် ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက်ဖြစ်သော Pre-listing Board ၌ စာရင်းဝင်အဖြစ် လုပ်ကိုင်နိုင်ရန် ပြင်ဆင်နေသော ကုမ္ပဏီအချို့လည်းရှိသလို PBL စာရင်းဝင်အကြိုဈေးကွက်တွင် စတင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့် နောက်ပိုင်းနှစ်များအတွင်း Listed Company ဝင်နိုင်ရန် ပြင်ဆင်ရမှာ ဖြစ်တယ်လို့လည်း YSX မှ သိရပါတယ်။
လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ Main Board တွင် စာရင်းဝင်ထားသော ကုမ္ပဏီ (၈) ခု ရှိပြီး ယင်းတို့မှာ First Myanmar Investment (FMI) ၊ Myanmar Thilawa SEZ Holdings (MTSH)၊ Myanmar Citizens Bank (MCB)၊ First Private Bank (FPB)၊ TMH Telecom Public Co., Ltd (TMH)၊ Ever Flow River Group (EFR)၊ Amata Holding Public Co., Ltd (AMATA) နှင့် Myanmar Agro Exchange Public Co., Ltd (MAEX)တို့ ဖြစ်ပါတယ်။
Photo- MDN






