[latest_news_marquee]

အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) နှင့် KBZMS တို့ ပူးပေါင်း၍ Travel Protect Insurance ကို စတင်မိတ်ဆက် အသုံးပြုနေ

အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) အနေဖြင့် KBZMS General Insurance နှင့် ပူးပေါင်း၍ Travel Protect Insurance ကို စတင်မိတ်ဆက်အသုံးပြုနိုင်ပြီလို့ MAI မှ သိရပါတယ်။

ယင်း KBZMS Travel Protect ခရီးသွားအာမခံသည် ကူးစက်မြန်ရောဂါ အကာအကွယ် (COVID-19 အပါအဝင်)၊ ခရီးဆောင်အိတ် နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးဆောင်အိတ် ပျောက်ဆုံးခြင်း/ ပျက်စီးခြင်း၊ လေယာဉ်ချိန်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်း၊ ကိုယ်တိုင်ပေးလျော်ရန် တာဝန်ရှိမှုစသည့် အပိုအကာအကွယ်များအပြင် အခြားသောအခြေခံအကာအကွယ်များဖြစ်သည့် မတော်တဆမှုကြောင့် သေဆုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များ၊ ရုပ်ကြွင်းပြန်လည်သယ်ယူခြင်းတို့ကဲ့သို့သော မမျှော်မှန်းနိုင်သည့် ကုန်ကျစရိတ်များအတွက် အကာအကွယ် ပေးနိုင်မယ်လို့လည်း သိရပါတယ်။

အဆိုပါ ဝန်ဆောင်မှုအသစ်သည် ခရီးသည်များအတွက် လုံခြုံရေးအဆင့်မြှင့်တင်ရန်နှင့် စိတ်ချယုံကြည်မှုကိုပိုမိုမြှင့်တင်ပေးရန် ရည်ရွယ်ထားပြီး မေလ ၁ ရက်မှ စတင်ကာခရီးသည်များအနေဖြင့် MAI ၏ တရားဝင် ဝက်ဘ်ဆိုက်ရှိ add-on section မှတစ်ဆင့် Travel Protect Insurance ကိုလွယ်ကူစွာဝယ်ယူအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) ဟာ ရန်ကုန်နှင့် မန္တလေးမြို့များကိုအခြေပြု၍ ပြည်တွင်းခရီးစဉ် ၁၈ မြို့နှင့် ပြည်ပခရီးစဉ်များ ၂၃ မြို့သို့ Airbus A320 Family လေယာဉ်များ၊ Embraer E190 လေယာဉ်များ၊ ATR72-600 လေယာဉ်များနှင့် Boeing 737 Freighter တို့ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိတယ်လို့လည်း သိရပါတယ်။

 Photo- MAI

Your Ad Here
Ad Size: 336x280 px

More News