[latest_news_marquee]

လတ်တလောတွင် အခွန်နှုန်းထားများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိဟု ဘဏ္ဍာ/အခွန် ပြည်ထောင်စုဝန်ကြီး ပြောကြား

 လတ်တလောတွင် အခွန်နှုန်းထားများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကို တိုးမြှင့်ဆောင်ရွက် လျက်ရှိတယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားထား ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ ဥဇဘက်ကစ္စတန်နိုင်ငံ Samarkand မြို့တွင် မေ ၃ ရက်နေ့က ကျင်းပတဲ့(၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ Virtual စနစ်ဖြင့် တက်ရောက်စဉ်မှာ အခုလို ထည့်သွင်းပြောကြားထား တာဖြစ်ပါတယ်။

ထို့အတူ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ လူဦးရေမှာ ၆၆ ဒသမ ၉ ရာခိုင်နှုန်းရှိနေသည့် အတွက် အခွန်ရငွေ တိုးတက်ရရှိရေး အခွင့်အလမ်းဖြစ်ပြီး ထိုအခွင့်အရေးကို အောင်မြင်စွာအသုံးချနိုင်ရန် နိုင်ငံတော်၏ အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ထို့အပြင် မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲခြင်းကို နှစ်လတ်ဘဏ္ဍာရေးမူဘောင် (Medium Term Fiscal Framework – MTFF) ကို အခြေခံ၍ ရေးဆွဲထားပြီး ပြည်သူ့ရေးရာမူဝါဒများနှင့် သင့်လျော်သော စီမံကိန်း များကို ညှိနှိုင်းရေးဆွဲထားပြီးဖြစ်သလို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ အကြားရှိ ဘဏ္ဍာရေးချိတ်ဆက်မှုနှင့် ဘတ်ဂျက်ခွဲဝေမှုများကိုလည်း MTFF မှတစ်ဆင့် မူဝါဒအခြေခံသည့် ဘတ်ဂျက်နှင့် စည်းမျဉ်းအပေါ် အခြေခံသည့်ဘတ်ဂျက်တို့ဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News