တိုင်းဒေသကြီး ၆ ခုတွင် Smart School နှင့် Football for School Pilot Project အဖြစ် စတင်ဆောင်ရွက်မယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
အဆိုပါ အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မေ ၅ ရက်က ပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က နိုင်ငံတော်၏ ရက် ၁၀၀ စီမံချက်တွင် ပါဝင်သည့်အတွက် ယခုလို ဆောင်ရွက်တာလို့လည်း ပြောကြားခဲ့ပါတယ်။
Smart School နှင့် Football for School Program များကို စံနှုန်းများသတ်မှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ရမှာဖြစ်ပြီး နောင်နှစ်များတွင် တိုးချဲ့ဆောင်ရွက်နိုင်ရန် အစီအမံများကို တိကျစွာရေးဆွဲ အကောင်အထည်ဖော်ရန် လိုအပ်ကာ စီမံကိန်းရလဒ်များကို အခြေခံ၍ လုပ်ငန်းတိုးတက်မှုကို အမြဲမပြတ် လေ့လာဆန်းစစ်ပြီး ရေရှည်တည်တံ့သော စီမံကိန်းတစ်ခုဖြစ်လာစေရန် ဆောင်ရွက်ရမယ်လို့လည်းပြောကြားထားပါတယ်။
Photo- MOI






