[latest_news_marquee]

ကန်တော်ကြီးသဘာဝဥယျာဉ်တွင် အများပြည်သူအနားယူအပန်းဖြေရာ အဆောက်အအုံနှင့် ငါးပြတိုက်အဆောက်အအုံများ တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီးသဘာဝဥယျာဉ်အတွင်း အများပြည်သူအနားယူအပန်းဖြေရာ အဆောက်အအုံနှင့် ငါးပြတိုက်အဆောက်အအုံများ တည်ဆောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရပါတယ်။  

အဆိုပါ အဆောက်အအုံများကို Myanmar Aquarium Co. Ltd., က တည်ဆောက်နေတာဖြစ်ပြီး အများပြည်သူအနားယူ အပန်းဖြေရာ အဆောက်အအုံနှင့် ငါးပြတိုက်အဆောက်အအုံများရှိ တောတွင်း ငါးမျိုးစိတ်ပြကွက်၊ ရေချိုငါးမျိုးစိတ်ပြကွက်၊ ရေချိုရေနက်ပိုင်း ငါးမျိုးစိတ်ပြကွက်၊ မြစ်နှင့်အဏ္ဏဝါပြကွက်၊ ပုံသဏ္ဌာန်စုံ ငါးအလှပြကွက်၊ ဝေလငါးအရိုးစုနှင့် ဒီဂျစ်တယ်အဏ္ဏဝါပြကွက်၊ ဒီရေတောဒေသ ဇီဝမျိုးစုံမျိုးကွဲများပြကွက်၊ သန္တာကျောက်တန်းနှင့် ရောင်စုံငါးအလှပြကွက်၊ အပူပိုင်းဒေသ ရေအောက်ကမ္ဘာပြကွက်၊ ထူးခြားဆန်းပြားဂျယ်လီငါးပြကွက်၊ ထိတွေ့ခံစားရေသတ္တဝါများပြကွက်၊ Under Water World ပြကွက်နှင့် ဆိုင်ခန်းများ တည်ဆောက်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ငါးပြတိုက်စီမံကိန်းသည် ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ယခင်ငါးပြတိုက်ဟောင်း၏ မြေ (၅) ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ရေအောက်ဥမင်ပါဝင်သည့် ငါးပြတိုက်အဖြစ် တည်ဆောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ထို့ပြင် ကန်တော်ကြီးဥယျာဉ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် သစ်ပင်နှင့် ခြုံနွယ်များ ရှင်းလင်းခြင်း၊ ကန်တော်ကြီးရေပြင် သန့်ရှင်းရေးအတွက် AQUARAMINE ဒိုက်ဆယ်ယူစက်ဖြင့် ဒိုက်နှင့် အမှိုက်များဆယ်ယူခြင်းတို့အပြင် ဥယျာဉ်သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။  

Photos – ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

Your Ad Here
Ad Size: 336x280 px

More News