[latest_news_marquee]

ကမ္ဘာ့တရုတ်ရိုးရာခြင်္သေ့အကပြိုင်ပွဲတွင် Myanmar LDCR အသင်း ချန်ပီယံဆုဆွတ်ခူး


တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့တရုတ်ရိုးရာခြင်္သေ့အကပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Myanmar LDCR က ရမှတ်အများဆုံးဖြင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲကို တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် အောက်တိုဘာ ၁၆ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အိမ်ရှင် တရုတ်အသင်းအပါအဝင် ထိပ်တန်းအသင်းများကို ကျော်ဖြတ်ပြီး စုစုပေါင်းရမှတ် ၉ ဒသမ ၀၅ မှတ်ဖြင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။

ယင်း ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Myanmar LDCR အသင်းဟာ အိမ်ရှင် တရုတ်နိုင်ငံအပါအဝင် ဟောင်ကောင်၊ သြစတြေးလျ၊ ကနေဒါ၊ မလေးရှား၊ မကာအို၊ နယ်သာလန်၊ အင်္ဂလန်၊ အမေရိကန် စသည့် နိုင်ငံနှင့် ဒေသတို့မှ ကိုယ်စားပြုအသင်းများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

Your Ad Here
Ad Size: 336x280 px

More News