ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲကာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို ထိရောက်စွာ အကာအကွယ် ပေးနိုင်ရန်အတွက် “သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အာမခံ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) မှ သိရပါတယ်။
အဆိုပါဆွေးနွေးပွဲကို ဇူလိုင် ၄ ရက်နေ့တွင် ကုန်စည်ဒိုင်အပေါ်ဆုံးထပ် အစည်းအဝေးခန်းမ(ဘုရင့်နောင်) ၌ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့လုပ်ငန်းခွင်၌ လက်တွေ့ကြုံတွေ့နေရသော အာမခံနှင့် လမ်းခရီးအခက်အခဲများကို ပညာရှင်များနှင့် တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲအတွင်း ပြည်တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အာမခံလုပ်ငန်း ဆိုင်ရာများကို ဆွေးနွေးသွားမှာဖြစ်ပြီး အသင်းဝင်လုပ်ငန်းရှင်များ၊ ဂိတ်တာဝန်ခံများနှင့် ယာဉ်ပိုင်ရှင်များ တက်ရောက်ကြရန် ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို Logistics & Supply Chain Management မဂ္ဂဇင်း၊ မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) နှင့် Venture Synergy Co., Ltd တို့ ပူးပေါင်းစီစဉ်၍ EFI General Insurance မှ အဓိကပံ့ပိုးကူညီထားကာ Panel Discussion (စကားဝိုင်းဆွေးနွေးပွဲ)ပုံစံဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
Photo – MFN






