လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာတွေနဲ့ ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်အတွင်းကျင်းပသွားမည်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်ကယနေ့ ဇူလိုင် ၃၁ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
၂၀၂၇ ခုနှစ်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် ၈၉ နယ်၊ အမျိုးသားလွှတ်တော် ၁၅ နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၆၈ နယ် စုစုပေါင်း ၁၇၂ နယ် (မြိုနယ် ၁၀၂ ခု)အတွက် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)ဖြင့် ကျင်းပသွားမယ်လို သိရပါတယ်။
နိုင်ငံတော် သမ္မတက “ပြည်ထောင်စုအဆင့်အဖွဲအစည်းတွေဖွဲစည်းရာမှာလစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာများနဲ့ ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများကိုဥပဒေနဲ့အညီ ၂၀၂၇ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲများပြုလုပ်နိုင်ဖို ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်တွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြင်ဆင်ဆောင်ရွက်နေတာကိုလည်း သတင်းစကားပါးလိုပါတယ်”လို ပြောကြားခဲ့ပါတယ်။
အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြုဆင်မှုအနေဖြင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် မဲပေးစက်များဖြန့်ခွဲခြင်းအပါအဝင် ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်များကို စနစ်တကျ ပြင်ဆင်လျက်ရှိတယ်လို လည်းနိုင်ငံတော် သမ္မတကပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားစဉ် သမ္မတကပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးခဲ့ပြီး လက်ရှိတွင် မဲဆန္ဒနယ် ၆၈၈ နယ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၀၂၅ ဦးကဥပဒေပြုတာဝန်များကိုထမ်းဆောင်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
Photos- MOI






