ခရုများ၏ အခွံပေါ်တွင်ရှိသော အကွက်များသည်သမိုင်းမတင်မီ ခေတ်ကာလများက ဖြစ်ပွားခဲ့သည့် ပြင်းထန်ရာသီဥတုဖြစ်စဉ်များနှင့်မုန်တိုင်းလမ်းကြောင်းများကို ပြန်လည်ဖော်ထုတ်နိုင်သော ရာသီဥတု မှတ်တမ်းများပါဝင်ကြောင်း လေ့လာမှုအသစ်တစ်ခု၌ ဖော်ပြထားတယ်လို့ သိရပါတယ်။
ဩစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်မှ သုတေသီများသည် ကွင်းစလန်းပြည်နယ်မှ ရရှိသော Biggenden Banded ခရုတစ်မျိုး၏ အခွံပေါ်ရှိ အကွက်များကို ရေဒီယိုကာဗွန်စမ်းသပ်မှုနှင့်အောက်ဆီဂျင်-ကာဗွန်အိုင်ဆိုတုပ်နည်းပညာများဖြင့်ဓာတ်ခွဲစမ်းသပ်ခြင်းဖြစ်ပြီး ခရုများ၏အခွံသည် ပုံမှန်အတိုင်း ကြီးထွားခြင်းမဟုတ်ဘဲ ပြင်းထန်သောမိုးရွာသွန်းမှုနှင့်မုန်တိုင်းများတိုက်ပြီး နောက်ပိုင်းကာလများတွင်မှ အရှိန်အဟုန်ဖြင့် လျင်မြန်စွာကြီးထွားလာကြောင်းတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ယခုတွေ့ရှိချက်က ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင်တိုက်ခတ်ခဲ့သော မုန်တိုင်းများအပြီး ခရုခွံကြီးထွားမှုနှုန်းများနှင့်တိုက်ရိုက်ဆက်စပ်နေပြီး သုတေသီများသည် ခရုခွံများကို စမ်းသပ်ကာရှေးဟောင်းရာသီဥတုမှတ်တမ်းများကို ပိုမိုဖော်ထုတ်သွားရန်စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။






