[latest_news_marquee]

ခွဲစိတ်ကုသမှု (Separation Surgery) ဆောင်ရွက်ခဲ့ပြီး ၁၉ ရက်အတွင်း ရင်ချင်းဆက်အမြွှာကလေးများ ကျန်းမာရေးကောင်းမွန်လျက်ရှိ

ကလေးဆေးရုံကြီး (ရန်ကုန်) ၌ ဇွန်လ ၁၁ ရက်နေ့တွင် ခွဲစိတ်ကုသမှု (Separation Surgery) ဆောင်ရွက်ခဲ့သော ရင်ချင်းဆက်အမြွှာ မိန်းကလေးများသည် ဇွန်လ ၃၀ ရက်နေ့တွင် ခွဲစိတ်ပြီးရက်ပေါင်း (၁၉)ရက် ရှိပြီဖြစ်ပြီး ကလေးများ ကျန်းမာရေးအခြေအနေကောင်းမွန်ကာ သီးသန့်စီ ပျော်ရွှင်စွာ သွားလာလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ကလေးငယ်များမှာ ပခုက္ကူမြို့နေ အသက် (၃၁)နှစ်အရွယ် မိခင်မှ ဗဟိုအမျိုးသမီး ဆေးရုံကြီး(မန္တလေး)တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က လာရောက်ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် မွေးဖွားပြီးချိန်မှစ၍ ဗဟိုအမျိုးသမီး ဆေးရုံကြီး(မန္တလေး)၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (မန္တလေး)၊ ခုတင်-၅၅၀ ဆံ့ ကလေး ဆေးရုံကြီး-ရန်ကုန် (ရန်ကင်း)တို့၌ ထားရှိပြီး ပြုစုစောင့်ရှောက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီတွင် ခွဲစိတ်ကုသမှုဆောင်ရွက်မည့် ကလေးဆေးရုံကြီး(ရန်ကုန်)၌ ပြောင်းရွှေ့၍ လိုအပ်သည်များ ပြင်ဆင်ခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့၊ အသက် ၂ နှစ်၊ ၅ လရှိချိန်တွင် ကလေးဆေးရုံကြီး(ရန်ကုန်)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(မန္တလေး)၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများဖြင့် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်တဲ့တွက် မြန်မာနိုင်ငံအနေဖြင့် ကလေးဆေးရုံကြီး(ရန်ကုန်)၌ ယခု ခွဲစိတ်ကုသမှုအပါအဝင် ရင်ချင်းဆက်အမြွှာ ခွဲစိတ်ကုသမှု (၉)ကြိမ်၊ ကလေးဆေးရုံကြီး(မန္တလေး)တွင် (၃)ကြိမ်ကို ပြည်တွင်းမှ ဆေးပညာရှင်များဖြင့် ခွဲစိတ်ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။

Photos – ကျန်းမာရေးဝန်ကြီးဌာန 

Your Ad Here
Ad Size: 336x280 px

More News