[latest_news_marquee]

ငလျင် အသိပညာ နှင့် အရေးပေါ်အခြေအနေတွင် မှန်ကန်စွာတုံ့ပြန်နိုင်ရန် လက်တွေ့လေ့ကျင့်သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကို ဩဂုတ်လတွင် ကျင်းပမယ်

ငလျင်အကြောင်းပိုမိုသိရှိပြီး အရေးပေါ်အခြေအနေတွင် မှန်ကန်စွာတုံ့ပြန်နိုင်ရန် လက်တွေ့လေ့ကျင့် သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကို လာမယ့် ဩဂုတ်လတွင် မြန်မာနိုင်ငံငလျင်ကော်မတီမှ ဦးစီးကျင်းပသွားမယ်လို့ သိရပါတယ်။

Earthquake Bootcamp 2026 ကို လာမယ့် ဩဂုတ် ၈ ရက်၊ ၁၅ ရက်၊ ၂၂ ရက်နှင့် ၂၉ ရက်တို့တွင် မြန်မာနိုင်ငံ ငလျင်ကော်မတီ (မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်) လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့၌ကျင်းပဖြစ်ပြီး Bootcamp အတွင်း မြေငလျင်အသိပညာ၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် အပြန်အလှန်ဆွေးနွေး သွားမယ်လို့လည်း သိရပါတယ်။

အဆိုပါ ပွဲသို့ အတွေ့အကြုံနှင့်အသိပညာများကို သင်ယူလိုသူများ အသက်အရွယ် အကန့်အသတ်မရှိ လျှောက်ထားနိုင်ပြီး ယခင်အတွေ့အကြုံရှိရန် မလိုအပ်ဘူးလို့လည်း သိရပါတယ်။

ငလျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ၊ ကြိုတင်ပြင်ဆင်နိုင်မှုနှင့် တုံ့ပြန်ဆောင်ရွက်နိုင်မှုစွမ်းရည်များကို မြှင့်တင်လိုသူလူငယ်များအတွက် ပါဝင်ရန်ဖိတ်ခေါ်ထားပြီး ပွဲနှင့်ပတ်သက်၍ စိတ်ဝင်စားသူလူငယ်များအားလုံး စာရင်းပေးနိုင်ကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီမှ သိရပါတယ်။

 Photo- MOI

Your Ad Here
Ad Size: 336x280 px

More News