စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့် လျှောက်ထားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါထုတ်ပြန်ချက်အရ လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် အမှန်တကယ်လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်ရရှိရန် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနများသို့ ထောက်ခံချက်များအား လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
ထို့အပြင် ပြည်တွင်းဆီစက်များ အဆင့်မြှင်တင်နိုင်ရန်နှင့် လိုအပ်သောစက်ပစ္စည်းများ ဖြည့်ဆည်းနိုင်ရန် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေများလည်း ထုတ်ချေးလျက်ရှိရာမှာ ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားတယ်လို့လည်း ၎င်းဦးစီးဌာနမှ သိရပါတယ်။
ထို့ကြောင့် လုပ်ငန်းရှင်များအနေနဲ့ အသေးစိတ်သိရှိလိုပါက နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(ရုံးချုပ်)သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
Photo – MOI






