[latest_news_marquee]

စည်းကမ်းမလိုက်နာတဲ့ လမ်းဖြတ်ကူးသူများကို အောက်တိုဘာ ၁၂ ရက်မှ စတင် အရေးယူမည်

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း စည်းကမ်းမလိုက်နာတဲ့ လမ်းဖြတ်ကူးသူများကို မနက်ဖြန် အောက်တိုဘာ ၁၂ ရက်နေ့မှ စတင်ပြီး အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။


အဆိုပါ ထုတ်ပြန်ချက်အရ ခြေလျင်ဖြင့်သွားလာသူများသည် လမ်းဖြတ်ကူးလိုလျှင် သတ်မှတ်ထားသည့် မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျား (သို့မဟုတ်) ခွင့်ပြုထားသည့်နေရာ စသည်တို့မှသာ ဖြတ်ကူးရမှာ ဖြစ်တယ်လို့ သိရပါတယ်။


ထို့ကြောင့် စည်းကမ်းလိုက်နာမှုမရှိပါက အောက်တိုဘာ ၁၂ ရက်နေ့မှစတင်၍ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉၆ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။


Photo – MOI

Your Ad Here
Ad Size: 336x280 px

More News