[latest_news_marquee]

စမ်းသပ်ဆဲဆေးဝါးအသစ်တစ်ခုက အသည်းအဆီဖုံးရောဂါကို ပျောက်ကင်းစေနိုင်

အမေရိကန်နိုင်ငံ မီချီဂန်တက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့ဟာ စမ်းသပ်ဆဲဆေးဝါးအသစ်တစ်ခုကို အသုံးပြုပြီး တိရစ္ဆာန်တွေမှာဖြစ်ပွားနေတဲ့ ပြင်းထန် အသည်းအဆီဖုံးရောဂါကို အောင်မြင်စွာ ကုသပေး နိုင်တယ်လို့ သိရပါတယ်။

ယင်းဆေးဝါးဟာ အူလမ်းကြောင်းရဲ့ ပျက်စီးမှုတွေကို ပြန်လည်ပြုပြင် ပေးခြင်းအားဖြင့် အသည်းရောဂါကိုပါ ပျောက်ကင်းအောင် ကုသပေးနိုင်တာ ဖြစ်တယ်လို့ သိရပြီး DT-109 လို့ အမည်ပေးထားတဲ့ အဆိုပါ ဆေးဝါးဟာ အူလမ်းကြောင်းနဲ့ အသည်းကြားက အပြန်အလှန်ဆက်နွယ်နေတဲ့ အန္တရာယ်ရှိဇီဝကမ္မဖြစ်စဉ်ကို ကြားဖြတ်ဟန့်တားပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

အထူးသဖြင့် အူလမ်းကြောင်းထဲမှာ အမိုးနီးယားဓာတ်တွေ ထုတ်လုပ်ပြီး အူနံရံတွေကို ပျက်စီးစေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးပြီး အူလမ်းကြောင်းရဲ့ ခုခံအားတံတိုင်းကို ပြန်လည်သန်မာလာစေကာ အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေကို သွေးထဲကတစ်ဆင့် အသည်းဆီမရောက်အောင် တားဆီးပေးနိုင်လို့ အသည်းရောင်ရမ်းတာကို လျော့ကျစေတာ ဖြစ်တယ်လို့လည်း ပညာရှင်များက ပြောကြား ထားပါတယ်။

ယင်းဆေးဝါးကို လူသားတွေနဲ့ ဇီဝကမ္မဗေဒချင်းတူတဲ့ မျောက်တွေမှာ စမ်းသပ်တဲ့အခါမှာလည်း အသည်းရောင်ရမ်းမှုကို သိသိသာသာလျော့ကျစေပြီး အသည်းကျန်းမာရေးကို ပြန်ကောင်းလာစေတာ တွေ့ရတဲ့အပြင် အဆိုပါဆေးဝါးဟာ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေကိုပါ ကုသရာမှာ အသုံးဝင်လာနိုင်တယ်လို့ သုတေသီတွေက မျှော်လင့်ထားတယ်လို့ သိရပါတယ်။      

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News