[latest_news_marquee]

ဆားဓာတ် အလွန်အကျွံစားသုံးပါက အသည်းအဆီဖုံးရောဂါ ဖြစ်ပွားနိုင်


ဆားဓာတ်ကို အလွန်အကျွံစားသုံးပါက အသည်းအဆီဖုံးရောဂါ ဖြစ်ပွားနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားထားပါတယ်။

စင်ကာပူနိုင်ငံ ဂျူအင့်စ်ယူအက်စ်ဆေးကျောင်းမှ သုတေသနပညာရှင်များ၏ အဆိုအရ ဆားဓာတ်ပါဝင်မှုမြင့်မားသည့် ဓာတ်စာများစားသုံးမှုဟာ အသည်း၌အဆီဓာတ်များ အထိုက်အလျောက်စုစည်း လာနိုင်တဲ့အပြင် ဆားဓာတ်ပါဝင်မှုမြင့်မားသည့် ဓာတ်စာများကြောင့် အသည်းရောင်ရမ်းမှုနှင့် အသည်းအမာရွတ်ထင်မှု ပြဿနာများလည်းရှိလာနိုင်ကြောင်း ပညာရှင်များက ပြောကြားထားပါတယ်။

သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဆားဓာတ်ပါဝင်မှုမြင့်မားသော ဓာတ်စာများသည် ကိုယ်အလေးချိန်လွန်ကဲခြင်းမရှိသူများ၌ အသည်းအဆီဖုံးရောဂါ ဖြစ်ပွားမှုတွင် တစ်ခန်း တစ်ကဏ္ဍပါဝင်နေနိုင်ကာ အသည်းအဆီဖုံးရောဂါ ပိုမိုဆိုးရွားလာပါက အသည်းပျက်စီးသွားတတ်ကြောင်းလည်း သိရပါတယ်။

Your Ad Here
Ad Size: 336x280 px

More News