[latest_news_marquee]

နိုင်ငံတော်သမ္မတနှင့် မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံ၊ ရန်ကုန်–ကွာလာလမ်ပူနှင့် ရန်ကုန်–ပီနန် တိုက်ရိုက်လေကြောင်းခရီးစဉ်များတိုးမြှင့်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

ရန်ကုန်–ကွာလာလမ်ပူနှင့် ရန်ကုန်–ပီနန် တိုက်ရိုက်လေကြောင်းခရီးစဉ်များ၊ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ အစီအစဉ်များကို အသုံးချ၍ ခရီးသွားလာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး အပါအဝင်   ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို နိုင်ငံတော်သမ္မတနှင့် မလေးရှားဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့သည် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို၌ တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားနှင့် ခရီးသွားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးအပြင် မလေးရှားရောက် မြန်မာနိုင်ငံသားများအရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်ရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးစဉ်မှာ မြန်မာ–မလေးရှား သံတမန်ဆက်ဆံရေးကို ၁၉၅၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး နှစ် ၇၀ ပြည့်မည့် ၂၀၂၈ ခုနှစ်တွင် အထိမ်းအမှတ်အစီအစဉ်များ ပြုလုပ်ရေး၊ သံအမတ်ကြီးအဆင့် သံတမန်ခန့်အပ်မှုများ ပြန်လည်ဆောင်ရွက်ရေးနှင့် သံတမန်ရေး၊ လွှတ်တော်နှင့် ကဏ္ဍစုံဆက်ဆံရေးများ ပိုမိုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြ တဲ့အပြင် နှစ်နိုင်ငံအစိုးရအချင်းချင်း (G to G)၊ စီးပွားရေးလုပ်ငန်းအချင်းချင်း (B to B) ဆက်ဆံရေး တိုးမြှင့်ရေးနှင့် မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့ရှိ သံတမန်နယ်မြေတွင် မြန်မာနိုင်ငံ၏ သံတမန်ရေးရာလုပ်ငန်းများအတွက် နေရာရရှိနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

ထို့အတူ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၁,၆၀၀ ကျော်ရှိခဲ့ပြီး မလေးရှားနိုင်ငံ၏ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်း ၃၂ ခု၊ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ခန့်ရှိကြောင်း ဖော်ပြခဲ့သလို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် Business Forum၊ B2B၊ MSME နှင့် Digital Trade ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ရှိရင်းစွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သဖြင့် ဆီအုန်း၊ ရာဘာ၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းကဏ္ဍများတွင် မလေးရှားနိုင်ငံ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေး၊ အရည်အသွေးမြင့် ရေထွက်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် ငါးလုပ်ငန်းဖွံဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါ တယ်။

ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး၊ ရေနံဓာတုဗေဒလုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍများတွင် ယခင်ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ မလေးရှားကုမ္ပဏီများ မြန်မာနိုင်ငံ၌ ထပ်မံရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သလို ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်လို့လည်း မလေးရှားနိုင်ငံတွင် မြန်မာကျောင်းသား ၃,၀၀၀ ကျော် ပညာသင်ကြားလျက်ရှိပြီး နှစ်နိုင်ငံတက္ကသိုလ်များအကြား ပညာသင်ဆုအစီအစဉ်များ၊ ကျောင်းသားနှင့် ဆရာများ အပြန်အလှန်ဖလှယ်ရေး၊ သုတေသနပူးပေါင်းရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြကာ ဆေးဝါး၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ Medical Tourism နှင့် Telemedicine ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေးအပြင် မီဒီယာကဏ္ဍ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Photo- PPIB

Your Ad Here
Ad Size: 336x280 px

More News