[latest_news_marquee]

နေပြည်တော် မြို့တွင်းခရီးစဉ်အဖြစ် မြို့မဈေး-သပြေကုန်း-ဘောဂသီရီသို့ EV ဘတ်စ်ကားဖြင့် ဂိတ်စ၊ ဂိတ်ဆုံး ငွေကျပ် ၁၀၀၀ ဖြင့် ပြေးဆွဲဝန်ဆောင်မှုပေးနေ

—————————

နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့တွင်းခရီးစဉ်အဖြစ် မြို့မဈေး-သပြေကုန်း-ဘောဂသီရီသို့ EV ဘတ်စ်ကားအသုံးပြု၍ ဂိတ်စ၊ ဂိတ်ဆုံး ငွေကျပ် ၁၀၀၀ ဖြင့် ပြေးဆွဲဝန်ဆောင်မှုပေးနေကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

အဆိုပါကော်မတီ၏ ကြီးကြပ်မှုဖြင့် ရာဇာမင်းယာဉ်လိုင်းမှ Yutong အမျိုးအစား EV ဘတ်စ်ကားအသစ် တစ်စီးဖြင့် ဇူလိုင် ၆ ရက်မှစတင်ကာ ပြေးဆွဲပေးလျက်ရှိပြီး ခရီးစဉ်လမ်းကြောင်းအရ နေပြည်တော်မြို့မဈေး၊ Naypyitaw State Academy ၊ သပြေကုန်း၊ စည်ပင်ဧည့်ရိပ်သာ၊ ပျဉ်းမနားဆင်ရုပ်၊ မြင်းရုပ်၊ နှင်းဆီပန်း အဝိုင်းနှင့် ဘောဂသီရိကားကွင်းသို့ ပျဉ်းမနား-တောင်ညိုလမ်းအတိုင်း ပြေးဆွဲပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ထို့သို့ပြေးဆွဲပေးရာမှာ နေ့စဉ် မနက် ၆ နာရီမှာ မြို့မဈေးကနေ စတင်ထွက်ခွာမှာဖြစ်ပြီး မနက် ၈ နာရီမှာတော့ ဘောဂသီရိကနေ လမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာမှာဖြစ်ကြောင်းနှင့် မနက် ၁၀ နာရီမှာ မြို့မဈေးကနေ တစ်ခေါက်၊ နေ့လယ် ၁ နာရီမှာ ဘောဂသီရိကနေတစ်ခေါက် စုစုပေါင်း တစ်ရက်ကို ၄ ခေါက် ပြေးဆွဲပေးနေတာဖြစ်ကာ  အတက်၊ အဆင်း (သို့မဟုတ်) ဂိတ်စ၊ ဂိတ်ဆုံး ယာဉ်စီးခအဖြစ် တစ်ဦးကို ငွေကျပ် ၁၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

Photo – Aung Zin Phyo

Your Ad Here
Ad Size: 336x280 px

More News