[latest_news_marquee]

နေ့စဉ်လျှောက်လှမ်းသည့် ခြေလှမ်း အရေအတွက်နှင့် တွေးတောဆင်ခြင်နိုင်မှု စွမ်းရည်

နေ့စဉ်လျှောက်လှမ်းသည့် ခြေလှမ်းအရေအတွက်ဟာ ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပြီး တွေးတောဆင်ခြင်နိုင်မှု စွမ်းရည်ကျဆင်းနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားထားပါတယ်။

ဗြိတိန်သုတေသနပညာရှင်များသည် အရွယ်ရောက်ပြီးသူ ၃,၀၀၀ ကျော်တို့၏ နေ့စဉ်လျှောက်လှမ်းသော ခြေလှမ်းအရေအတွက်နှင့် ဦးနှောက်ကျန်းမာရေးအခြေအနေတို့ကို နှိုင်းယှဉ်လေ့လာခဲ့ကြရာမှာ အခုလို တွေ့ရှိခဲ့ တာလို့ သိရပါတယ်။

လေ့လာမှုရလဒ်များအရ တစ်ရက်လျှင် ခြေလှမ်း ၈,၈၇၅ လှမ်းခန့် လျှောက်လှမ်းသူများသည် တစ်ရက်လျှင် ခြေလှမ်း ၅,၀၀၀ အထိသာ လျှောက်လှမ်းသူများနှင့် နှိုင်းယှဉ်ပါက ဦးနှောက်စွမ်းဆောင်ရည်ပို၍ ထက်မြက် နေတတ်ကြောင်း သိရပါတယ်။

အလားတူ တစ်ရက်လျှင် ခြေလှမ်း ၁၀,၀၀၀ ကျော်ထိ လမ်းလျှောက်သူများတွင်လည်း ဦးနှောက်စွမ်းဆောင်ရည် ပိုမိုအားကောင်းနေတတ်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ဦးနှောက်အတွင်းသို့ သွေးစီးဆင်းရောက်ရှိမှု အားကောင်းလာတတ်ရာ လမ်းလျှောက်ခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို မြှင့်တင်နိုင်ကြောင်းလည်း ပညာရှင်များက ဆိုထားပါတယ်။

Photo- MDN

Your Ad Here
Ad Size: 336x280 px

More News