[latest_news_marquee]

ပင်လယ်ရေဖျန်းကောင် စားသုံးမှုက ခန္ဓာကိုယ်နှင့် ဦးနှောက်ကို ပြန်လည်နုပျိုစေနိုင်ဟုဆို

ဦးနှောက်၏ အိုမင်းမှုကို သိသိသာသာ လျော့ကျစေပြီး ပြန်လည်နုပျိုစေနိုင်ကြောင်း သိပ္ပံပညာရှင်များ သုတေသနအသစ်တစ်ခုတွင် ဖော်ပြထားမှုအရ သိရပါတယ်။

သိပ္ပံပညာရှင်များသည် ပင်လယ်ရေဖျန်းကောင်တွင် အများအပြားပါဝင်သည့် Plasmalogens လို့ခေါ်သော ဒြပ်ပေါင်းကို အသက်ကြီးနေသည့် ကြွက်မများတွင် နှစ်လကြာ စမ်းသပ်ခဲ့ကြပြီး စမ်းသပ်မှုအပြီး၌ အဆိုပါကြွက်မများဟာ မှတ်ဉာဏ်နှင့် သင်ယူနိုင်စွမ်း သိသိသာသာ တိုးတက်လာခဲ့ပြီး အမွေးအမှင်များလည်း ပိုမိုနက်မှောင်တောက်ပလာကြောင်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

Plasmalogens သည် လူ့ခန္ဓာကိုယ်၏ ဦးနှောက်၊ နှလုံးနှင့် ကိုယ်ခံအားကလာပ်စည်းများတွင် သဘာဝအတိုင်း ရှိနေသော်လည်း အသက်အရွယ်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့နည်းသွားတတ်ပြီး ယခု သုတေသနအရ ယင်းဒြပ်ပေါင်းကို ဖြည့်စွက်သုံးစွဲသည့်အခါ ဦးနှောက်အတွင်း အာရုံကြောဆက်သွယ်မှုများကို ပြန်လည်ကောင်းမွန်စေကာ ကလာပ်စည်းအသစ်များ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေးကြောင်း တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

ထို့အပြင် အသက်ကြီးလာသည့်အခါ ဖြစ်ပေါ်တတ်သော ဦးနှောက်ရောင်ရမ်းမှုကိုလည်း လျော့ကျစေသဖြင့် အယ်လ်ဇိုင်းမားရောဂါကဲ့သို့ ဦးနှောက်ဆိုင်ရာ ရောဂါများကို ကာကွယ်နိုင်မည့် မျှော်လင့်ချက်တစ်ခုအဖြစ်လည်း ပညာရှင်များရဲ့ သုတေသနတွင် ဖော်ပြထားပါတယ်။

Photo- MWD

Your Ad Here
Ad Size: 336x280 px

More News