[latest_news_marquee]

ပုံမှန်အိပ်စက်ချိန်ထက် မိနစ် ၈၀ ခန့်ဆုံးရှုံးပါက ကျန်းမာရေးဆိုးကျိုးများပေါ်ထွက်နိုင်ခြေ မြင့်မားဟုဆို

တစ်ရက်လျှင် ပုံမှန်ရှိရမည့် အိပ်စက်ချိန်ထက် မိနစ် ၈၀ ခန့် မျှသာ လျော့နည်းသွားခြင်းသည်ပင် ကျန်းမာရေးဆိုးကျိုးများပေါ်ထွက်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း အိန္ဒိယသုတေသနပညာရှင်များက ပြောကြားထားပါတယ်။

ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အရွယ်ရောက်ပြီးသူတစ်ဦးသည် တစ်ညလျှင် ၇ နာရီမှ ၉ နာရီကြား မပျက်မကွက် အိပ်စက်ရန် လိုအပ်ပြီး ယင်းအချိန်ထက် မိနစ် ၈၀ ခန့် လျော့နည်းခဲ့ပါက ကိုယ်အလေးချိန် မြင့်တက်လာခြင်းကဲ့သို့ အကျိုးဆက်များ ပေါ်ထွက်လာတတ်ကြောင်း ပညာရှင်များက ဆိုထားပါတယ်။

ထို့အတူ အိပ်စက်ချိန်ပုံမှန် ပျက်ပြားလာပါက ခန္ဓာကိုယ်အတွင်း ကယ်လိုရီ များပြားစွာစားသုံးမိခြင်း ၊ အင်ဆူလင်ဟော်မုန်း တုံ့ပြန်နိုင်စွမ်း နည်းပါးလာခြင်း၊ ပုံစံ-၂ (Type-2) ဆီးချိုရောဂါ ခံစားရနိုင်ခြေ မြင့်တက်လာခြင်းတို့အပြင် အဝလွန်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်းနှင့် လေဖြတ်ခြင်း စသည့် ကျန်းမာရေးပြဿနာများပေါ်ထွက်လာနိုင်ကြောင်းလည်း သုတေသနပညာရှင်များက ပြောကြားထားပါတယ်။

ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝတစ်ခုအတွက် စနစ်တကျ ကိုယ်လက်လှုပ်ရှား ဆေးဝါးမှီဝဲခြင်းနှင့် အစားအသောက် ဆင်ခြင်ခြင်းတို့သည် အရေးကြီးသကဲ့သို့ အိပ်စက်မှုပုံစံ မှန်ကန်ခြင်းသည်လည်း ကျန်းမာရေးအတွက် အလားတူ အရေးပါကြောင်း သုတေသနပညာရှင်များက ပြောကြားထားပါတယ်။

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News