ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပဲခူး၊ ပြည်၊ တောင်ငူနှင့် သာယာဝတီခရိုင်တို့ရှိ ဈေးများ၌ ဒေသကြက်နှင့် CP ကြက်သားများကို သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ကြက်သားများကို ပဲခူးမြို့ရှိ ဗဟိုကုန်စိမ်းသားငါးဈေး၊ ဥဿာပြင်စည်ဈေး၊ ကုန်းသာယာသနပ်ဖက်ဈေးနှင့် ဘုရားဈေးသစ်ဈေး၊ ပြည်မြို့ရှိ ကိုးသောင်းဈေး၊ မြို့သစ်ဈေးနှင့် အောင်မင်္ဂလာဈေး၊ တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေး၊ ညောင်ပင်လေးဈေး၊ ဘုရားဈေးနှင့် ကြို့ပင်ကောက်မြို့နယ် စည်ပင်သာယာဈေး စသည့် သတ်မှတ်ဈေးများတွင် ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။
ယနေ့ ဇူလိုင် ၂၄ ရက်နေ့၌ တောင်ငူမြို့နယ်အတွင်း ရောင်းချပေးလျက်ရှိသည့် ဈေးနှုန်းများမှာ CP ကြက်သားကို အကောင်လိုက် တစ်ပိဿာလျှင် ကျပ် ၂၀၃၀၀၊ ခုတ်သား (အခြမ်း) တစ်ပိဿာလျှင် ကျပ် ၂၂၃၀၀၊ ဒေသကြက်သားကို အကောင်လိုက် တစ်ပိဿာလျှင် ကျပ် ၂၃၀၀၀၊ ခုတ်သား (အခြမ်း) တစ်ပိဿာလျှင် ကျပ် ၂၇၀၀၀ ဖြင့် ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါအစီအစဉ်ကို တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များက စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကြားခံအဆင့်များကို လျှော့ချကာ မွေးမြူရေးလုပ်ငန်းရှင်များထံမှ တိုက်ရိုက်ဝယ်ယူ၍ ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။
Photo – MOI






