[latest_news_marquee]

ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်း

ပြည်တွင်း၌ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံပိုင်စက်ရုံများ၊ အစိုးရ-ပုဂ္ဂလိက (Public Private Partnership – PPP)ဖြင့် ပူးပေါင်းဆောင်ရွက်နေသည့် စက်ရုံများအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းမှာကြားခဲ့ကြောင်းသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၈ ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံမှူးများနှင့် တာဝန်ရှိသူများ အားတွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထို့အတူ ပုဂ္ဂလိကလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ရောင်းဝယ်ဖောက်ကားမှု မျှခြေဖြစ်အောင် ဆောင်ရွက်ပေးရန်နှင့် ဈေးကွက်သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် တို့ကို ပြည်ထောင်စုဝန်ကြီးက  ထည့်သွင်းမှာကြားခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် လုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းများ၊ စက်အရန်ပစ္စည်းများကို ကြိုတင်စုဆောင်းထားရှိရန်၊ ပုဂ္ဂလိကမှ ကုန်ထုတ်လုပ်မှု ဆောင်ရွက်သည့်လုပ်ငန်းများ၏ လိုအပ်ချက်များကို ထိရောက်စွာကူညီဖြည့်ဆည်းနိုင်ရေးအတွက် စက်ရုံအရောက် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးရန်တို့ကိုလည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။

Photo – MRTV

Your Ad Here
Ad Size: 336x280 px

More News