[latest_news_marquee]

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန်တွင် စပါးစိုက်ပျိုးထုတ်လုပ်မှု‌ ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ် ၇ သိန်းခွဲ ပံ့ပိုးပေးမည်

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) တွင် သတ်မှတ်ချက်များနှင့်အညီ ပါဝင်ဆောင်ရွက်မည့် တောင်သူလယ်သမားများအတွက် စပါးစိုက်ပျိုးထုတ်လုပ်မှု‌ ချေးငွေအဖြစ် တစ်ဧကလျှင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ၃ သိန်းကျပ် ၊ ပို့ကုန်ကုမ္ပဏီလုပ်ငန်းရှင်မှ ၂ သိန်းကျပ် နှင့် နိုင်ငံ့စီပွားမြှင့်တင်ရေး ရန်ပုံငွေမှ ၂ သိန်းခွဲကျပ်၊ စုစုပေါင်း တစ်ဧကလျှင် ချေးငွေ ၇ သိန်းခွဲကျပ် ပံ့ပိုးမှု ရရှိနိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ သိရပါတယ်။

လက်ရှိမှာ မိုးစပါးရာသီ ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (REZ) အတွက် ဆန်ပို့ကုန်ကုမ္ပဏီများမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် REZ လုပ်ငန်း ကြီးကြပ်မှုကော်မတီများနှင့် ပူးပေါင်းလျက် သက်ဆိုင်ရာမြို့နယ်ရှိ REZ ဆောင်ရွက်မည့် တောင်သူလယ်သမားများထံသို့ ကနဦး စိုက်ပျိုးစရိတ်ချေးငွေများကို ကွင်းဆင်းထုတ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

စာရင်းများအရ ဇူလိုင် ၇ ရက်နေ့အထိ ကုမ္ပဏီ စုစုပေါင်း (၆၁)ခုမှ မြို့နယ် (၅၅) မြို့နယ်ရှိ မိုးစပါးစိုက်ဧက (၃၁၃,၉၃၇) အတွက် ထုတ်ချေးပေးထားကြောင်းနှင့် REZ ဆောင်ရွက်လိုသည့် တောင်သူများအနေနဲ့ အနည်းဆုံး ဧက ၃၀၀ တစ်ဆက်တည်းရှိရမည်ဖြစ်ကာ ဆောင်ရွက်လိုပါက MRF ထံသို့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ပြီး စိတ်ဝင်စားသူများကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)တို့ ၏ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပုံစံဖြင့် ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံချက်ကို ၂၀၂၆-၂၀၂၇ မိုးစပါးရာသီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဧရိယာ စုစုပေါင်း ဧက (၃၅၀,၀၀၀) လျာထားဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရပါတယ်။

Photo – MRF

Your Ad Here
Ad Size: 336x280 px

More News