[latest_news_marquee]

ပြည်ပသို့ တစ်နှစ်လျှင် သကြားဖြူ ကန်ဒေါ်လာ ၄၅ သန်းဖိုးတင်ပို့နေပြီး ပြည်တွင်း မထုတ်လုပ်နိုင်သော သကြား ကန်ဒေါ်လာ သန်း ၄၀ ဖိုး ပြန်တင်သွင်းနေရ

မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်လျှင် ပြည်ပသို့ သကြားဖြူ အမေရိကန်ဒေါ်လာ ၄၅ သန်းဖိုး တင်ပို့နေရပြီး ပြည်တွင်းသို့ ပြည်တွင်းမှာ မထုတ်လုပ်နိုင်သေးသောသကြား အမေရိကန်ဒေါ်လာ သန်း ၄၀ ဖိုး ပြန်လည် တင်သွင်းနေကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရပါတယ်။

ပြည်တွင်း၌ မထုတ်လုပ်နိုင်တဲ့ သကြားများမှာ  လူသုံးကုန်ပစ္စည်း၊ မုန့်ဖုတ်လုပ်ငန်း၊ အချိုရည်နှင့် ဖျော်ရည်လုပ်ငန်း (Beverage Industry) နှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများတွင် ကုန်ကြမ်းအဖြစ် အဓိကအသုံးပြုတဲ့ စက်မှုကုန်ကြမ်းသုံး သကြား (Industrial Grade Sugar)၊ အိမ်သုံး/လူသုံးကုန် သကြားဖြူ (Refined & White Granulated Sugar)နှင့် နေ့စဉ်စားသောက်မှု၊ ဟင်းချက်မှုနှင့် စားသောက်ဆိုင်လုပ်ငန်းများတွင် တိုက်ရိုက်အသုံးပြုရန် ကြံမှထုတ်လုပ်သော ကြံသကြား (Cane Sugar) သို့မဟုတ် သကြားမုန်လာမှ ထုတ်လုပ်သောသကြား (Beet Sugar) များဖြစ်ပြီး ICUMSA (သကြားသန့်စင်မှုအဆင့်) ၄၅ မှ ၁၅၀ ဝန်းကျင်ရှိသော အမျိုးအစားသကြားများကို ပြန်လည်တင်သွင်းနေတာဖြစ်တယ်လို့လည်း သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

ထို့ကြောင့် ပြည်ပပို့ကုန် ဝင်ငွေများကို ရှာဖွေရရှိနေသော်လည်း ပြည်ပသွင်းကုန်များကြောင့် နိုင်ငံခြားငွေရရှိမှု ပြန်လည်ကုန်ကျနေရတဲ့အတွက် ပြည်တွင်းရှိ ကြံစိုက်ပျိုးထုတ်လုပ်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် စားသုံးမှုဖူလုံစေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပမှ သကြားတင်သွင်းခြင်း (Sugar Importation)ကို Non-Automatic Licensing အထူးကန့်သတ်/ထိန်းချုပ်ထားသော ကုန်စည်အမျိုးအစားဖြစ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

ထို့ကြောင့် သကြား တင်သွင်းသူများအနေနဲ့ ပထမအဆင့်အနေဖြင့် ကုမ္ပဏီနှင့် ကုန်သည်မှတ်ပုံတင်ခြင်း (Exporter/Importer Registration)နှင့် FDA ထောက်ခံချက် လျှောက်ထားခြင်းတို့ကို ကြိုတင်ပြင်ဆင်ရမှာဖြစ်ပြီး၊ ဒုတိယအဆင့်အနေဖြင့် သွင်းကုန်လိုင်စင် လျှောက်ထားခြင်း (Import License) နှင့် တတိယအဆင့်မှာ ဆိပ်ကမ်း/နယ်စပ် ရောက်ရှိချိန် ကုန်ပစ္စည်းထုတ်ယူခြင်း (Customs Clearance)အတွက် အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်မှတစ်ဆင့် သွင်းကုန်ကြေညာလွှာ (Import Declaration – ID) တင်ရခြင်း၊ သတ်မှတ်ထားသော အကောက်ခွန် (Customs Duty) နှင့် ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) များကို ပေးဆောင်ရခြင်းနှင့် အကောက်ခွန်ဌာနနှင့် FDA ကုန်ပစ္စည်းစစ်ဆေးရေးအဖွဲ့တို့က လိုင်စင်ပါ အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပြီးမှသာ ဂိုဒေါင်အတွင်း သယ်ယူခွင့် (Release) ပြုမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။

မြန်မာနိုင်ငံနေအနဲ့ နှစ်စဉ် သကြားတန်ချိန် ၅ သိန်းနီးပါးထုတ်လုပ်လျက်ရှိကာ ပြည်တွင်း၌ သကြားတန်ချိန် ၄ သိန်းဝန်းကျင် စားသုံးနေပြီး ပြည်ပသို့ နှစ်စဉ် တန်ချိန် ၁ သိန်း ကျော် တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

Photo – Doca

Your Ad Here
Ad Size: 336x280 px

More News