[latest_news_marquee]

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း သစ်သီးဝလံတင်ပို့မှုအနေဖြင့် လျာထားချက်၏ ထက်ဝက်ကျော် တင်ပို့နိုင်ခဲ့

ပြီးခဲ့သည့်၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း သစ်သီးဝလံတင်ပို့မှုအနေဖြင့် လျာထားချက်၏ ထက်ဝက်ကျော် ဖြစ်တဲ့  ၆၃ ဒသမ ၉၈ ရာခိုင်နှုန်း တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအသင်း၏ စာရင်းများအရ သိရပါတယ်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်က နိုင်ငံတကာဈေးကွက်သို့ သစ်သီးဝလံတန်ချိန်(၈၀၀,၀၀၀)နီးပါးတင်ပို့၍ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ(၃၄၄ ဒသမ ၆၃)သန်းရရှိရန် လျာထားခဲ့သော်လည်း အမှန်တကယ် တင်ပို့မှုအနေဖြင့် သစ်သီးဝလံတန်ချိန် (၄၀၀,၀၀၀) နီးပါး တင်ပို့နိုင်ခဲ့ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၂၂၀ ဒသမ ၅၃)သန်းရရှိခဲ့ပြီး သစ်သီးဝလံတင်ပို့မှုသည် လျာထားချက်၏ (၆၃ ဒသမ ၉၈)ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရပါတယ်။

ပြည်ပသို့ သစ်သီးဝလံများအနေဖြင့်လည်း တစ်သျှူးငှက်ပျော ၊ သရက်သီး ၊ ဖရဲသီး ၊ သခွားမွှေးသီး ၊ ဝဥ ၊ ချင်း၊ ချဉ်ပေါင် ၊ ဖာလာ ၊ သီဟိုဋ်စေ့ ၊ မန်ကျည်းသီး ၊ ထောပတ်သီးနှင့် နနွင်းတက်တို့အား တင်ပို့နေပြီး ဝဥနှင့် သီဟိုဋ်စေ့သည် တင်ပို့မှုနှင့် ရရှိသည့် ဝင်ငွေပါ မြင့်မားသည့်အုပ်စုတွင် ပါဝင်နေကြောင်းသိရပါတယ်။

ဆက်လက်၍လည်း မြန်မာ့သစ်သီးဝလံဈေးကွက် အလားအလာကောင်းရရှိရန်အတွက် တောင်သူနှင့် MSME လုပ်ငန်းရှင်များအနေဖြင့် လတ်ဆတ်သည့် သစ်သီးဝလံ သီးသန့်တင်ပို့မှုကဏ္ဍကို သေချာရွေးချယ် သတိပြုဆောင်ရွက်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်ပြောင်းလဲတင်ပို့ရန် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက တိုက်တွန်းထားကြောင်း သိရပါတယ်။

Photo – မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း

Your Ad Here
Ad Size: 336x280 px

More News