[latest_news_marquee]

ဗိုလ်ချုပ်အောင်ဆန်းဈေးကြီး နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပမည်

ရန်ကုန်မြို့၏ သမိုင်းဝင်အထင်ကရများထဲမှ တစ်ခုဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေးကြီး၏ နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကို လာမည့် အောက်တိုဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း  ပွဲကျင်းပရေးကော်မတီထံမှ သိရပါတယ်။  
 
အဆိုပါ အထိမ်းအမှတ်ပွဲတော်တွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော် ပါဝင်ပြသသွားမည်ဖြစ်သည့်အပြင် ပွဲတော်မှာ မြန်မာ့ယဉ်ကျေးမှု အနုပညာနှင့် အကအလှများ၊ ပျော်ရွှင်စရာအစီစဉ်များနဲ့ ကံစမ်းမဲများပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။
 
ထို့အပြင် လက်မှုပညာရှင်များ၏ လက်ရာပြောင်မြောက်လှသည့် အနုပညာဖန်တီးမှုများကိုလည်း တစ်စုတစ်စည်းထဲ မြင်တွေ့ခံစားနိုင်မည်ဖြစ်ကြောင်းနှင့် ပွဲတော်လာသူများအတွက် တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့သည့် ဝါရင့်တေးသံရှင်ကြီးများ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ ခေတ်ပေါ်အနုပညာရှင်များ၏ တင်ဆက်မှုများ၊ ရာစုနှစ်အတွင်းမှ Fashion များကို ပြန်လည်ခံစား သက်ဝင်စေရန် ခေတ်အဆက်ဆက် ဝတ်စုံများနှင့် တိုင်းရင်းသားဝတ်စုံများကို ဝတ်ဆင်ထားသူများဖြင့် အမှတ်တရဓာတ်ပုံများ တွဲရိုက်ခွင့်ရရှိမည့်အစီအစဉ်များလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
 
လုပ်ငန်းရှင်များကိုလည်း ပွဲတော်တွင်မိမိတို့၏ ထုတ်ကုန်၊ ရောင်းကုန်များကို ပါဝင်ပြသရောင်းချရန် ဖိတ်ခေါ်ထားသလို ပြပွဲအတွက် ဆိုင်ခန်းများ စတင်ငှားရမ်းနေပြီ ဖြစ်ကြောင်းလည်း ပွဲကျင်းပရေးကော်မတီထံမှ သိရှိရပါတယ်။
 
ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးကို ၁၉၂၆ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်လို့ ယခု၂၀၂၆ ခုနှစ်မှာ နှစ်တစ်ရာပြည့် မြောက်ခဲ့ပြီဖြစ်ကာ ကျောက်မျက်ရတနာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ၊ ရှေးဟောင်းပစ္စည်းတွေ၊ ပန်းချီကားတွေ၊ ပိုးထည်ချည်ထည်၊ လက်မှုအနုပညာပစ္စည်းတွေ၊ အပ်ချုပ်ဆိုင်၊ လူသုံးကုန်၊ အလှကုန်နဲ့ စားသောက်ဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချနေပြီး ဆိုင်ခန်း ပေါင်း ၁၈၀၀ ကျော်ရှိပြီး နိုင်ငံခြားသားခရီးသွားတွေ မဖြစ်မနေ လာရောက်လေ့လာတဲ့ ဈေးကြီးတစ်ခုဖြစ်ကာ မြန်မာ့လက်မှုပညာပစ္စည်းတွေ၊ ကျောက်မျက်ရတနာတွေနဲ့ ပိုးထည်ချည်ထည်တွေကို အများဆုံးဝယ်ယူလေ့ရှိကြတယ်လို့ သိရပါတယ်။  
 
Photos – Internet
 

Your Ad Here
Ad Size: 336x280 px

More News