မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ အကြိမ် (၂၅၉၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှ သီတင်းကျွတ်လကွယ်နေ့ နိုဝင်ဘာ ၉ ရက်နေ့အထိ ရက် ၂၀ ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါပွဲတော်ကာလအတွင်း မီးထွန်းပွဲတော်နှင့် သပိတ်မျှောပွဲများကို ကျင်းပသွားမည်ဖြစ်ပြီး ယမန်နှစ်ကထက် ပိုမိုလှပစည်ကားစေရန် မီးပုံးပျံလွှတ်တင်ခြင်းအပြင် အခြားအလှပြစိမ်းလန်းဧရိယာများ ထည့်သွင်းကျင်းပ သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ထို့အပြင် ဘုရားဖူးများ ကျန်းမာရေးစောင့်ရှောက်မှုလွယ်ကူစွာ ရရှိနိုင်ရေးအတွက် ကျန်းမာရေးစခန်းများ ဖွင့်လှစ်ပေးရန်၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ဈေးဆိုင်ခန်းများ ခင်းကျင်းရောင်းချရာတွင် စနစ်တကျရှိစေရေးနှင့် စားသောက်ကုန်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးတို့ကို စနစ်တကျကြပ်မတ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရပါတယ်။
မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို ၂၀ ရက်ကြာ ကျင်းပမည်
More News




ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် ကော်မတီဖွဲ့ထား
November 2, 2026



Thai Expo Yangon 2026 ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည်
November 1, 2026