[latest_news_marquee]

မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ တွင်းအမှတ် (၁၄) မှ တိုးတက်ထွက်ရှိနေသည့် သဘာဝဓာတ်ငွေ့များကို လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဖြန့်ဖြူးပေးနေဟုဆို

မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ တွင်းအမှတ် (၁၄) မှ တိုးတက်ထွက်ရှိနေသည့် သဘာဝဓာတ်ငွေ့များကို လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဖြန့်ဖြူးပေးနေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

လက်ရှိ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ ရွာမသဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ဖြန့်ဖြူးပေးလျက်ရှိတယ်လို့လည်း ဆိုပါတယ်။

ကုန်းတွင်းရေနံမြေများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ တွင်းအမှတ် (၁၄) တွင် ပါးလွှာသဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာမှ ဧပြီ ၂၈ ရက်နေ့က သဘာဝဓာတ်ငွေ့ ကုဗပေ ၂ သန်းခန့် ထုတ်လုပ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အဖျောက်နှင့် မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများတွင် ပါးလွှာသဲကြောများကို သုတေသနပြုဆန်းစစ်ကာ ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ CNG သုံး မော်တော်ယာဉ်များ၊ ဓာတ်မြေဩဇာစက်ရုံများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍများတွင် ဖြန့်ဖြူးသုံးစွဲလျက်ရှိတယ်လို့ ဝန်ကြီးဌာနမှ သိရပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဟာ နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးကို တိုးမြှင့်နိုင်ရေး၊ စီးပွားရေးကဏ္ဍတွင် စွမ်းအင်အသုံးပြုမှုကို အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပမှ စွမ်းအင်သွင်းကုန်များ လျှော့ချနိုင်ရေးတို့အတွက် ပြည်တွင်းစွမ်းအင် အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရေတိုနှင့်ရေရှည်အစီအမံများ ချမှတ်ကာ ဆောင်ရွက်လျက်ရှိတယ် လို့လည်း သိရပါတယ်။

ထို့အပြင် ပြည်တွင်းတွင် ရေနံထွက်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရန် ခေတ်မီရေနံချက်စက်ရုံ အသစ်များ တည်ဆောက်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ ထုတ်လုပ်မှုတိုးတက်စေရန် ခေတ်မီနည်းပညာများ အသုံးပြုခြင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Photo- MWD

Your Ad Here
Ad Size: 336x280 px

More News