[latest_news_marquee]

မူဆယ်မြို့ပေါ်ရှိ နယ်စပ်ဂိတ်များ၌ ပစ္စည်း သယ်ယူမှုကို တန်ဖိုး၏ ၃ ရာခိုင်နှုန်းအခွန်ကောက်ခံဆောင်ရွက်ပေးရန်နှင့် တစ်ဦးလျှင် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၅၀ ဖိုး သယ်ယူခွင့်ကို ခွင့်ပြုပေးနိုင်ခြင်းမရှိသေး

မူဆယ်မြို့ပေါ်ရှိ နယ်စပ်ဂိတ်များမှ ဒေသသုံးပစ္စည်းများ သယ်ယူမှုကို ပစ္စည်းတန်ဖိုး၏ ၃ ရာခိုင်နှုန်း အခွန်ကောက်ခံ ဆောင်ရွက်ပေးရန်နှင့် လူတစ်ဦးလျှင် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၅၀ ဖိုး သယ်ယူခွင့် ပြုပေးရန် ကိစ္စနှင့်စပ်လျဉ်း၍ လတ်တလော ခွင့်ပြုပေးနိုင်ခြင်း မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ 

အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်ပြီး မူဆယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း(ခ) အောင်ဇော်မိုးထွန်းမှ အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့၌ မေးမြန်းစဉ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်နိုင်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒုတိယဝန်ကြီးက ယခင် ၃ ရာခိုင်နှုန်း ကောက်ခံ၍ တင်သွင်းခွင့်ပြုထားသည့် သွင်းကုန်ပစ္စည်း ၁၄၆ မျိုးသည် Non-Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရမည့် ကုန်စည်များစာရင်းတွင် ပါရှိနေပြီး ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းမှုအတွက် နိုင်ငံခြားငွေသုံးစွဲမှုကို စိစစ်ကန့်သတ်နေချိန် ဖြစ်သောကြောင့် ၃ ရာခိုင်နှုန်း ဒေသသုံးအခွန်ပေးဆောင်ပြီး ပြည်တွင်းအထိ တင်သွင်းဆောင်ရွက်လာနိုင်၍လည်းကောင်း၊ ၃ ရာခိုင်နှုန်း ဒေသသုံးအခွန်ကောက်ခံသည့်အဖွဲ့များအနေဖြင့် အခွန်ပါရှိ ကုန်ပစ္စည်းနှင့် တန်ဖိုးကိုစိစစ်ရန် အခက်အခဲရှိ၍လည်းကောင်း နှစ်နိုင်ငံကုန်သွယ်မှု စာရင်းကွာဟမှုကို ပိုမိုဖြစ်စေနိုင်သည့်အတွက် အဆိုပါကုန်ပစ္စည်းများကိုလည်း Myanmar Tradenet 2.0 တွင် သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုလျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Photo – Internet

Your Ad Here
Ad Size: 336x280 px

More News