[latest_news_marquee]

မြစ်ဆုံစီမံကိန်း၏ ကောင်းကျိုးဆိုးကျိုးကို အသေးစိတ် ဆန်းစစ်လေ့လာနေပြီး အကောင်းရာခိုင်နှုန်းများပါက အကောင်အထည်ဖော်ဆောင်သွားမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူပြောကြား

မြစ်ဆုံ စီမံကိန်း၏ ကောင်းကျိုးဆိုးကျိုး မည်မျှဖြစ်နိုင်သည်ကို အသေးစိတ် ဆန်းစစ်လေ့လာနေကြောင်းနှင့် စီမံကိန်းတိုင်းမှာ အကောင်း၊ အဆိုး ရှိနိုင်သည့်အတွက်ကြောင့် Check and Balance လုပ်ပြီး အကောင်းရာခိုင်နှုန်းများပါက စီမံကိန်းကို အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီး “ဒီစီမံကိန်းဟာ အကြမ်းဖျင်းအားဖြင့် ကောင်းကျိုးများစွာရှိသလို ဆိုးကျိုးလည်း အနည်းငယ်ရှိနိုင်ပါတယ်။ ရှိနိုင်သည့်ဆိုးကျိုးကိုလည်း အကောင်းဆုံးနဲ့ အနည်းဆုံးဖြစ်အောင် ပညာရှင်များဖြင့် တွက်ချက်ပြီး တရားဝင်ထုတ်ပြန်သွားမှာဖြစ်ပါတယ်”လို ဇွန် ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတရုံး ဘက်စုံသုံးခန်းမ၌ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲမှာ ၎င်းက မီဒီယာများမေးမြန်းမှုကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ထိုအပြင် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများရှိသကဲ့သို နိုင်ငံတော်သမ္မတကြီးကလည်း စိုးရိမ်ပူပန်ပါကြောင်း၊ ထိုကြောင့် စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ယာယီသမ္မတ တာဝန်ယူထားစဉ်ကာလက ဒေသခံပြည်သူများ သဘောမတူပါက စီမံကိန်းအောင်မြင်ရန် မလွယ်ကူကြောင်းနှင့် ဒေသခံပြည်သူများ၏ သဘောထားရယူရန် လမ်းညွှန်ခဲ့ကြောင်း၊ သက်ဆိုင်ရာဒေသခံကော်မတီများ၊ ကချင်ပြည်နယ်အစိုးရအဖွဲနှင့် ၂၀၂၆ ဇန်နဝါရီလ တွင် ၂၄ ဦးနှင့် ဖွဲစည်းပြီး ဒေသခံပြည်သူလူထုနှင့် မြေပြင်တွင် တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကာ ရလဒ်အကျဉ်းချုပ်အရ ဆွေးနွေးခဲ့သူများနှင့် ဒေသခံများအားလုံးမှ လျှပ်စစ်မီးလိုချင်ကြောင်း၊ သိုသော် ဒေသခံတချိုတွင် သတင်းအမှားများ ရရှိနေကာ စီမံကိန်းဆောင်ရွက်လိုက်ပါက ယင်းစီမံကိန်းဝန်းကျင်ရှိ ဒေသခံများ၏ အသက် အိုးအိမ်စည်းစိမ်များအတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းနှင့် ယင်းအတွက် ကောင်းကျိုးဆိုးကျိုး မည်မျှဖြစ်နိုင်သည်ကို အသေးစိတ် ဆန်းစစ်လေ့လာနေကြောင်းတိုကို ဒေါက်တာခိုင်ခိုင်စိုး က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထိုအပြင် ခရီးစဉ်အတွင်း မြစ်ဆုံ စီမံကိန်းပြန်စရန် ဆွေးနွေးခဲ့သည်များရှိပါကြောင်း၊ မိမိတိုနိုင်ငံ၏ ရည်မှန်းချက်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းက ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရန် ရည်မှန်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းစီမံကိန်းက ယခုမှလုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ မြစ်ဆုံစီမံကိန်းဆောင်ရွက်ရန် နေရာ ၇ ခုရှိပြီး ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်းစီမံကိန်း တစ်ခုတည်းကို မဂ္ဂါဝပ် ၅,၆၀၀ ထွက်ရှိမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတွက် မဂ္ဂါဝပ် ၁၀,၀၀၀ ကျော် လိုအပ်သည့်အတွက် ကျန်သည့် ၆ ခုနှင့် ပေါင်းပါက မိမိတိုနိုင်ငံအတွက် ရာနှုန်းပြည့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နိုင်မည်ဖြစ်တယ်လိုလည်း ၎င်းက ပြောကြားခဲ့ပါတယ်။

Photo – PPIB

Your Ad Here
Ad Size: 336x280 px

More News