[latest_news_marquee]

မြန်မာ့မီးရထား၌ ပထမဆုံး အမျိုးသမီး စက်ခေါင်းမောင်း ၅ ဦးအား ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း၌ ယနေ့ စတင်တာဝန်ပေး

မြန်မာ့မီးရထား၌ ပထမဆုံး အမျိုးသမီး စက်ခေါင်းမောင်း ၅ ဦးအား ရန်ကုန်မြို့ပတ်ရထားလမ်းတွင် ယနေ့ အောက်တိုဘာ ၅ ရက်နေ့မှ စတင်ကာ တာဝန်ပေးအပ်ထားကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။

အမျိုးသမီး ၅ ဦးအား ရထားစက်ခေါင်းမောင်းများအဖြစ် လေ့ကျင့်မွေးထုတ်ထားပြီး တာဝန်ပေးအပ်ခြင်းမှာ မြန်မာ့မီးရထား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ အမျိုးသမီးစက်ခေါင်းမောင်းများမှာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ AGTI ဒီပလိုမာ ရရှိထားပြီး မြန်မာ့မီးရထားရဲ့စက်‌ခေါင်းမှူးများ အဖြစ်မွေးထုတ်ရာ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း (မိတ္ထီလာ) တွင် သင်တန်း  ပြီးစီးခဲ့တာလို့လည်းသိရပါတယ်။

သင်တန်းပြီးစီးခဲ့တဲ့ အမျိုးသမီးစက်ခေါင်းမှူး (၅) ဦးမှာ သင်တန်းတွင် မြေပြင်၌ တွဲရွှေ့ရထားများ မောင်းနှင်ခြင်း၊ လမ်းကြည့်လိုက်ပါခြင်း၊ လက်တွေ့စမ်းသပ်မောင်းနှင်ခြင်း၊ မောင်းနှင်ဖြေဆိုခြင်း၊ လူတွေ့မေးမြန်းစစ်ဆေးခြင်းတို့ကို ဖြတ်သန်းအောင်မြင်ကာ သင်တန်းကာလ (၂၉) ပတ်ကို အောင်မြင်စွာဖြတ်ကျော်ခဲ့သူများဖြစ်တယ်လို့ မြန်မာ့မီးရထားတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ၎င်းတို့ဟာ ရန်ကုန်မြို့ပတ်လမ်းပိုင်းအတွင်းရှိ DEMU ၊ RBE တို့နှင့် ပြေးဆွဲပေးနေတဲ့ ခရီးစဉ်များတွင် တာဝန်ကျစက်ခေါင်းမှူးများအဖြစ် စတင်တာဝန်ထမ်းဆောင်လျက်ရှိပြီး မြန်မာ့မီးရထားတွင် အမျိုးသားများသာမက အမျိုးသမီးဝန်ထမ်းများကို ယခုနှစ်ပိုင်းများတွင် ခေါ်ယူလေ့ကျင့်ပေးနေတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Photo – U Zaw Moe Aye

Your Ad Here
Ad Size: 336x280 px

More News