[latest_news_marquee]

မြန်မာ၊ ထိုင်းနှင့် ဥဇဘက်ကစ္စတန် အမျိုးသမီးလက်ရွေးစင်အသင်းများ ပါဝင်မယ့် AYA BANK TRI NATIONS CUP 2026 ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမယ်

မြန်မာ၊ ထိုင်းနှင့် ဥဇဘက်ကစ္စတန် အမျိုးသမီးလက်ရွေးစင်အသင်းများ ပါဝင်ကစားမည့် AYA BANK TRI NATIONS CUP 2026 (International Women’s Friendly Matches) ပြိုင်ပွဲကို လာမည့် ဇွန်လ ပထမပတ်အတွင်း ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲကို AYA Bank မှ အဓိကပံ့ပိုးကူညီထားပြီး မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း၏ အဆင့် မြင့်မားတိုးတက်ရေးအတွက် နိုင်ငံတကာအသင်းများနှင့် ခြေစမ်းကစားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ ပြိုင်ပွဲတွင် ပါဝင်မည့်အသင်းများမှာ မြန်မာ (ကမ္ဘာ့အဆင့် ၅၅)၊ ထိုင်း (ကမ္ဘာ့အဆင့် ၅၀)နှင့် ဥဇဘက်ကစ္စတန် (ကမ္ဘာ့အဆင့် ၅၁) တို့ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ယာယီနည်းပြချုပ် ဒေါ်စန်းစန်းသိန်းက ကိုင်တွယ်သွားမည်ဖြစ်ပြီး လက်ထောက်နည်းပြအဖြစ် ဒေါ်သူဇာထွေးနှင့် ဂိုးနည်းပြ ဦးစိန်အေးတို့က တာဝန်ယူဆောင်ရွက်မှာဖြစ်ကာ အသင်းအား ပဏာမကစားသမား ၃၅ ဦးဖြင့် ဧပြီ ၂၇ ရက်မှစတင်၍ စခန်းသွင်းလေ့ကျင့်နေပြီး ပြည်ပရောက်ကစားသမားများသည် မေလအစောပိုင်းတွင် အသင်းနှင့် ပူးပေါင်းမယ်လို့လည်း သိရပါတယ်။

ပွဲစဉ်များကို လာမယ့် ဇွန်လ ၁ ရက် ညနေ ၅ နာရီတွင် မြန်မာနှင့် ဥဇဘက်ကစ္စတန်၊ ဇွန်လ ၄ ရက် ညနေ ၄ နာရီတွင် ဥဇဘက်ကစ္စတန်နှင့် ထိုင်း၊ ဇွန်လ ၇ ရက် ညနေ ၅ နာရီတွင် မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစား မှာဖြစ်ပြီး အဆိုပါပွဲစဉ်များကို ပြည်တွင်းရုပ်သံလိုင်းများနှင့် YouTube Channel များမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Photo- MFF

Your Ad Here
Ad Size: 336x280 px

More News