မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတိုအကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ဟာ ယနေ့ ဇူလိုင် ၈ ရက်မှစတင်၍ တရားဝင်အသက်ဝင်ပြီဖြစ်ကြောင်း မြန်မာသံရုံး (အော့တာဝါမြို) က ဇူလိုင် ၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားပါတယ်။
ယင်း ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်အတွက် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သဘောတူစာချုပ်အရ သက်တမ်းရှိ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံသားများသည် တစ်ဖက်နိုင်ငံသို ဝင်ရောက်ရာတွင် အိမ်ရှင်နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ အထိ ဗီဇာကင်းလွတ်စွာ နေထိုင်ခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ထို့အတူ ပြက္ခဒိန်တစ်နှစ်အတွင်း တစ်ဖက်စာချုပ်ဝင်နိုင်ငံ ပိုင်နက်နယ်မြေတွင် ရက်ပေါင်း ၉၀ အထိ ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်နိုင်မည်ဖြစ်ကြောင်း အော်တာဝါမြို့ မြန်မာသံရုံးမှ အသိပေး ကြေညာထား ပါတယ်။
Photo- မြန်မာသံရုံး အော်တာဝါမြို့






